Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ကျော်သေပြီး လေးဦးအရှင်ဖမ်းမိဟု KNDFပြော

တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦး ၊ တပ်ကြပ် နှစ်ဦး ၊ တပ်သား တစ်ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ကျော် သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၄ ရက်)ထုတ်ပြန်သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

တိုက်ပွဲ ဖြစ်စဥ်အရ ဒီဇင်ဘာ ၃ရက် နံနက် ၉နာရီခွဲကစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မျာအား KNDF -B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် ကရင်နီတပ်မတော် (KA)တို့ပူး ပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

ထိတွေ့တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီဖက်မှ ၎င်းတို့၏ ဒီးမော့ဆိုအခြေစိုက်တပ်များမှ လက်နက်ကြီးများဖြင့် အဆမတန်ပစ်ကူပေးခဲ့သည့်အပြင် ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် (၃)ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၉နာရီခန့်တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

Public Service Announcement
Public Service Announcement

တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦး ၊ တပ်ကြပ် နှစ်ဦး ၊ တပ်သား တစ်ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း(၂)ပြောင်း ၊ ကွန်ပျူတာ (၁)လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အသုံးအဆောင် အချို့တို့အား KNDF က သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးလာသောတပ်ရင်းမှာ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး အဆိုပါတပ်ရင်းမှာ ၂၀၂၁ ဒီဇင်ဘာ၂၄ရက်က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ (၄၀)ကျော်အား မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုအား ကျူးလွန်ရာတွင် ပါဝင်ခဲ့သော တပ်ရင်းဖြစ်သည်။

“စ…(စစ်ကောင်စိတပ်သား)တွေက နောက်ဆုတ်သွားသလို အယောင်ပြပြီး အင်အားထပ်ဖြည့်ပြီး တိုက်ခဲ့တယ်။ဒါကို ကျွန်တော်တို့အနေနဲ့ အပါးနပ်ဆုံး တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒေါကမီး ဘက်မှာတင် သူတို့ အသေများခဲ့တာ။အခုထိလည်း နှစ်ဖက်စစ်ရေးက အရှိန်မြင့်နေတုန်းပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုတိုက်ပွဲအတွင်း ရရှိခဲ့သောအောင်မြင်မှုနှင့် လက်တုန့်ပြန်နိုင်ခဲ့မှုများအား မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ တပ်မ (၆၆)မှ လူမဆန်စွာမီးရှို့သတ်ဖြတ်ခဲ့၍ သေဆုံးသွားခဲ့ရသော အပြစ်မဲ့ပြည်သူ ၄၀ကျော်တို့အား KNDFက ရည်ညွှန်းသည်ဟု ဆိုသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေး ရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင်အကြမ်း ဖက် စစ်ကောင်စီမှ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ်ရေးအခြေနေတင်းမာနေသလို တိုက်ပွဲများ လည်း ဆက်လက်ဖြစ်ပွားနေသည်။

ထို့ကြောင့် အဆိုပါနေရာများအနီး ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် မိမိတို့ KNDF မှ အစဥ်တစ်စိုက်ထုတ်ပြန်နေသည့် စစ်ရေးအခြေနေများကို ဂရုပြုကြရန် ပြည်သူများကို KNDF က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။