Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနှင့် မလေးရှားတို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲပြုလုပ်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲ လက်မခံကြောင်း ဆန္ဒပြ

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ပြ​ည်ပရောက် မြန်မာများ စုပေါင်း၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် သတ္တမအကြိမ်မြောက်အဖြစ် “စစ်အာဏာရှင် စနစ်ဆိုးကြီး အမြစ်ပြတ်ဖို့ PDF ကို ထောက်ပံ့စို့” ခေါင်းစဥ်ဖြင့် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာအများအပြား ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့အပြင် မလေးရှားနိုင်ငံ ကာဂျန်းမြို့ရှိ Tenaga National University ကွင်းတွင်လည်း ယနေ့တွင် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၃တွင် စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် အတုအယောင်ရွေးကောက်ပွဲအား လက်မခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။