Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့မှ လူငယ်နှစ်ဦးကို စစ်ကောင်စီက PDFဟုစွပ်စွဲဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် သတ်ပစ်

People’s Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးနှင့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နာရီပိုင်းအတွင်း စစ်ကြောရေးတွင် သတ်ပစ်လိုက်ကြောင်းPeople’s Defence Force (Kalay)တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

People’s Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

“နှစ်ဦးစလုံးကို PDFလို့ စစ်ကောင်စီက သတင်းမှားလွှင့်ထားတယ်။ အဲဒါ မဟုတ်ပါဘူး။ သူတို့က သူငယ်ချင်းတွေပါ။ တစ်ဦးကတော့ PDFပါ။ ဖမ်းတော့ အသာတကြည်အဖမ်းခံပါတယ်။ ကတ္တရာလမ်းပေါ်မှောက်ခိုင်းပြီး ရဲစခန်းကိုခေါ်သွားတယ်။ ညနေဘက်မှာ သတ်ပစ်တာ”ဟု People’s Defence Force (Kalay)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသတ်ဖြတ်လိုက်သူ နှစ်ဦးစလုံးသည် ဆက်ကျော်သက်လူငယ်များဖြစ်သည်။ ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်မပေးသေးကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက သတ်လိုက်သည့်ဖြစ်ရပ်အပေါ် ကလေးမြို့မှ တိုင်း​ဒေသကြီးအမတ် ဒေါ်သန့်ဝေကျော်က” ရန်သူက ရန်သူပီသတယ် ဆိုတဲ့စကားအတွက်၊ အချို့အရာတွေအတွက် ကိုယ့်ဖက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်ပစ်လိုက်ဖို့ကိုသာ စိတ်ဇောသန်ပါတော့တယ်”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook