Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေဟု ဥဩစစ်ကြောင်းပြော

ယမန်နေ့(ဒီဇင်ဘာ ၅)ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီးလမ်းကြောင်းလုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ခိုက်ခံရ၍ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ် ကားများ၊ ဓာတ်ပုံ - CJ)ပုံအဟောင်းကို အသုံးပြုထားပါသည်။)
(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ခိုက်ခံရ၍ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ် ကားများ၊ ဓာတ်ပုံ - CJ)ပုံအဟောင်းကို အသုံးပြုထားပါသည်။)

ထားဝယ် – ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးကြောင်း ထားဝယ်အခြေပြု ဥသြစစ်ကြောင်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၅)ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီးလမ်းကြောင်းလုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရမ်းဘလူရွာနားမှာ ဖြစ်တာဗျ။ ကျွန်တော်တို့ ပြည်သူကို အသိပေးလိုတဲ့သဘောလောက်ပဲ ပြောလို့ရပါသေးတယ်။ အဓိကက ဒီနေရာမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတာ သိစေလိုတဲ့ဆန္ဒပါပဲ။ အားလုံးထုတ်ပြန်လို့ မရသေးပါဘူးဗျ”ဟု ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ် လူကြီးလမ်းကြောင်းနှင့်စပ်လျဥ်းပြီး ထားဝယ်-ထီးခီးလမ်းပိုင်း အရှေ့တောဒေသတွင် စစ်ကောင်စီအင်အား ၁၅၀ မှ ၂၀၀ကြား ကင်းပုန်းချထားပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စစ်ကြောင်းတစ် လျှောက်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်းများ ရှိနေခြင်းကြောင့် ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန် သတိပေးထားသည်။

အထက်ပါ ဥသြစစ်ကြောင်းသည် NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ထားဝယ်(ပကဖ)၊ PDF၊ LPDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းတစ်ကြောင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook