Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် ရွာမီးရှို့ဖျက်ဆီးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)
ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရွှေဘုံသာကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myaung Union Armyအဖွဲ့မှ ကိုတိုက်ဂါးက ပြောကြားသည်။

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)နံနက် ၅နာရီခန့်ကကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် ရွှေဘုံသာကျေးရွာသို့ ဝင်ရောက်လာပြီး နေအိမ် ၉လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ နွားများလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်သားများ ရွှေဘုံသာကျေးရွာမှအပြန် ကျောက်ရစ်စခန်း မရောက်မီ လမ်းတစ်နေရာတွင် နယ်ခံ PDFများနှင့် 11BRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း MUAအဖွဲ့မှ ကိုတိုက်ဂါးက ပြောကြားသည်။

Public Service Announcement
Public Service Announcement

“ကျောက်ရစ်ခြံထဲက စ…(စစ်ကောင်စီတပ်သား)တွေဟာ ညစဉ် ငါးည လုံးလုံး ရွှေဘုံသာ ရွာထဲကို မနက် အာရုံချိန်တွေ ဝင်နေခဲ့တယ်။ ရွှေဘုံသာ ပြည်သူများကလည်း ညစဉ် စစ်ရှောင်ပြေးနေရတယ်။ ကျဆုံး စ…(စစ်ကောင်စီတပ်သား)ခြောက်ကောင် နေ့ ၂နာရီမှာ လာကောက်သွားပြီး ကျောက်ရစ်သုဿန်မှာ သင်္ဂြိုလ်တယ်လို့ သတင်းရတယ်။”ဟု ကိုတိုက်ဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)
ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)

စစ်ကောင်စီတပ်မီးရှို့သွားသည့် မီးလောင်အိမ် များကို ပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့များက မီးငြှိမ်းသတ်ခဲ့သည်။

မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။