Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် ရွာမီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

“မင်းဆိုးမင်းညစ်ရှိနေသ၍ မီးဘေး၊အငတ်ဘေးဆိုတာ အမြဲတမ်းကြုံနေရမှာမို့ အာဏာရှင်အား အပြီးတိုင်မောင်းထုတ်နိုင်မှ ဒီဒုက္ခများမှ ကင်းဝေးနိုင်ပါမည်”ဟု ကိုနွေဦးက ဆိုသည်။

(ဒေသကာကွယ်ရေးရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ - ကိုနွေဦး)
(ဒေသကာကွယ်ရေးရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ - ကိုနွေဦး)

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာကျေးရွာအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သားကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့သည်။

မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ရွှေဘုံသာကျေးရွာသို့ ဒီဇင်ဘာ ၆ရက်က ဝင်ရောက် မီးရှို့ခြင်းဖြစ်သည်။ ထို့ကြောင့် မြောင်နှင့် မြင်းခြံမြို့နယ် အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ် ရေးမဟာမိတ်များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က ရွှေဘုံသာရွာအတွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားကြောင်း၊ ဒဏ်ရာရသူများကို ဆေးကုရန် ကျောက်ရစ်ရွာသို့ ပြန်သယ်လာစဥ် လမ်းမှဖြတ်၍ ထပ်မံတိုက်ခိုက်ရာ နှစ်ဦးထပ်မံ​သေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFက သတင်းထုတ်ပြန် သည်။

ထို့နောက် စစ်ကောင်စီတပ်က ရွှေဘုံသာရွာမှပြန်ထွက်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရေတင်စက်များ၊ရေပုံးများအသုံးပြု၍ နေအိမ် များ မီးငြှိမ်းသတ်ပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မီးရှို့မှုကြောင့် နေအိမ် ၁၇လုံး မီးလောင်ကျွမ်းပြီး နွားနှစ်ကောင်သေဆုံးသွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် မြောင်မြို့နယ် တမဆေးကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ကြသည်။ စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိသော်လည်းအသေးစိတ်မသိရသေးကြောင်း CDSOMက သတင်းထုတ်ပြန်သည်။

“မင်းဆိုးမင်းညစ်ရှိနေသ၍ မီးဘေး၊အငတ်ဘေးဆိုတာ အမြဲတမ်းကြုံနေရမှာမို့ အာဏာရှင်အား အပြီးတိုင်မောင်းထုတ်နိုင်မှ ဒီဒုက္ခများမှ ကင်းဝေးနိုင်ပါမည်”ဟု ကိုနွေဦးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook