Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်၌ လေးရက်ဆက် နေ့ညတိုက်ပွဲဖြစ်နေပြီး ယနေ့တွင် စစ်ကောင်စီက လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်ဟု TNLA ထုတ်ပြန်

ယနေ့(ဒီဇင်ဘာ ၁၀ရက်)တွင် နံနက်အစောပိုင်းမှစ၍ နှစ်ဖက် မြေပြင်ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူ ခြောက်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - TNLA
စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - TNLA

တအောင်းတပ်မတော်(TNLA) တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာနှင့် ဟူမန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း TNLAက ယခုညပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်မှစ၍ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။ TNLA နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၇ရက်နေ့လယ်၂နာရီခွဲမှ ယနေ့ညနေ ၆နာရီအထိ တိုက်ခိုက်မှုရပ်နားခြင်းမရှိဘဲ လေးရက်ဆက် နေ့ရော ညပါ တိုက်ပွဲပြင်းထန်နေသည်ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - TNLA
စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ – TNLA

ယနေ့(ဒီဇင်ဘာ ၁၀ရက်)တွင် နံနက်အစောပိုင်းမှစ၍ နှစ်ဖက် မြေပြင်ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူ ခြောက်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထိုသို့ လေကြောင်းမှ ပစ်ခတ်သည့်အပြင် ကုန်းသာရွာရှိ အရပ်သားပြည်သူ လူထုနေအိမ် ငါးလုံးနှင့် သံဃာတော် ဆွမ်းစားဆောင်တို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လေးရက်ကြာမြင့်ပြီဖြစ်သော တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးသော်လည်းအရေအတွက် အသေးစိတ်ကို မြေပြင်မှ သတင်းမရသေးဟု သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။