Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုကျိုမှာ မူကြိုကျောင်းမီးလောင်၊ ကလေးတွေ အပါအဝင် လူ ၃၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ကီတာ ရပ်ကွက်မှာရှိတဲ့ ကျောင်းအဆောက်အအုံမှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာလို့ တိုကျို မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မီးကို မငြှိမ်းသတ်ခင်မှာတော့ စတုတ္ထထပ်က စတုရန်းမီတာ ၂၀၀ လောက်က လောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။

မီးစလောင်ချိန်တုန်းက ကျောင်းဝင်းထဲမှာ ကလေးတွေနဲ့ ဆရာဆရာမ ၃၃၀ နီးပါးလောက်ထိ ရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးခိုးမွှန်နေသူ ၁၀ ယောက်လောက်ကို ကူညီကုသပေးခဲ့ရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရသူတော့ တစ်ဦးမှ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

မီးလောင်တဲ့အခါ တချို့ကျောင်းသားတွေဟာ အဆောက်အအုံ ခေါင်မိုးပေါ်မှာ သွားရောက် တိမ်းရှောင်နေခဲ့ကြပါတယ်။ မီးငြှိမ်းသတ်နေချိန် အတောအတွင်း ကျောင်းထဲမှာ ပိတ်မိနေသူတွေ ရှိခဲ့ပေမယ့် နေ့လယ်ပိုင်းမှာ အားလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ မီးလောင်နေချိန်အတွင်း ကျောင်းဆောင် စတုတ္ထထပ်ကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေပြီး မီးသတ်ကားတွေလည်း ကျောင်းဝင်းထဲ တဖွဲဖွဲ ရောက်လာနေတာကို တွေ့ခဲ့ရပါတယ်။ မီးငြှိမ်းသတ်နေချိန် အတောအတွင်း ကလေးတွေနဲ့ ဆရာဆရာမတွေကိုတော့ အနီးမှာရှိတဲ့ ပန်းခြံတစ်ခုဆီကို ရွှေ့ပြောင်းပေးထားခဲ့ရပါတယ်။

ကနဦး စုံစမ်းမှုတွေအရ Grade 5 ကျောင်းသားလေးတွေက ဂီတအတန်း တက်နေတဲ့ အချိန် ဘေးကပ်လျက် အခန်းကနေ စတင်မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Facebook