Connect with us

Hi, what are you looking for?

သတင်း

ဂျပန်မှာထုတ်‌ဝေတဲ့ မြန်မာ့အရေး တစ်ကွက်ကာတွန်းစာအုပ် အထူးဆုရရှိ

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

ဇွန်-၁၉၊၂၀၂၆။ဆဏ်း/People’s Spring

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီဆုပေးပွဲကို ဒီနေ့ (ဇွန် ၁၉) ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

“ကျေးဇူးတင်စကားပြောတော့ ပြည်တွင်းက လွတ်လပ်စွာထုတ်ဖော်မပြောနိုင်ကြသူတွေကိုယ်စား ဆက်လက်အသံထွက်သွားမယ့်အကြောင်းနဲ့တိုက်တိုက်ဆိုင်ဆိုင် အမေစုမွေးနေ့အတွက်ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုလုပ်နေကြကြောင်း၊ ဒါကြောင့်ကျွန်မလည်းနှင်းဆီပန်ထားကြောင်းပြောပြီး အဆုံးမှာ Proof of Life လှုပ်ရှားမှုလုပ်ခဲ့တာပါ” လို့ ဆုလက်ခံရယူခဲ့တဲ့ဆရာမကပြောပါတယ်။

Public Service Announcement

Public Service Announcement

WART ဆိုတာက ၂၀၂၁ ဩဂုတ်လမှာ Kyoto Seika University ကာတွန်းဌာနက အချိန်ပိုင်းကထိက နဲ့ Global Studies ဌာန က မြန်မာ့အရေးလှုပ်ရှားနေတဲ့ မြန်မာဆရာမ တို့ ပူးပေါင်းပြီး မြန်မာ့အရေးကို တကွက်ပြကာတွန်းနဲ့ ဂျပန်လူ့ဘောင်အသိုင်းအဝိုင်းကို အသိပေးလှုပ်ရှားဖို့ဖွဲ့လိုက်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

“W က Wa ဂျပန်လို ငြိမ်းချမ်းရေးတို့ ဂျပန်တို့ စာလုံးကို ကိုယ်စားပြုပြီး၊ A က Art ၊ R က Revolution ၊ T က Transe ပြောင်းလဲမှု ရဲ့ထိပ်စာလုံးတွေပါ။ WART ဆိုတဲ့ အဂ်လိပ်စာလုံးက အသားပို၊ အဖု ဆိုတဲ့အဓိပ္ပါယ်လည်းရှိပြီး ကိုယ့်ကိုယ်တနေရာရာမှာ အဖုလေးတခုရှိရင် လက်ဆော့ချင် ကလိချင်သလိုပဲ လောကကြီးအလယ်မှာ WART လှုပ်ရှားမှုကြောင့် ကလိကလိဖြစ်စေမယ့်လှုပ်ရှားမှုမျိုးလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်လည်းရှိပါတယ်။” လို့ WART ရဲ့ အဓိပ္ပာယ်ကိုရှင်းပြပါတယ်။

WART အဖွဲ့အနေနဲ့ ၂၀၂၁ သြဂုတ် ကနေ လက်ရှိအချိန်အထိ စုဆောင်းရရှိတဲ့ ကာတွန်းတွေထဲကပုံ ၇၀ ကိုစုစည်းပြီး WART CARTOON ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။

“WART အနေနဲ့ မြန်မာ့အရေးကို တကွက်ပြကာတွန်း ကတဆင့် ဂျပန်ပတ်ဝန်းကျင်ကို ဆက်လက်အသိပေးလက်ကမ်းသွားပါ့မယ်။” လို့ အထက်ပါဆရာမကပြောပါတယ်။

(ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုကို WART CARTOON စာအုပ်ကရရှိလို့ ဆရာမတဦးကဆုလက်ခံယူစဥ်/ ကာတွန်းစာအုပ်မျက်နှာဖုံး နဲ့ စာအုပ်ထဲမှတစ်ကွက်ကာတွန်းအချို့ ။ဓါတ်ပုံ-​MNMKK)

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။