Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Screenshot

ဇွန်-၁၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တွေက မိုးဗြဲမြို့ကနေ မိုးဗြဲ-နန်းမယ်ခုံလမ်းပိုင်းကို အခု ဇွန်လဒုတိယပတ်ကစပြီး စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

” မိုးဗြဲနဲ့ နန်းမယ်ခုံကြားမှာတော့ စစ်ကြောင်းထိုးလာတာတော့ ရှိတယ်။နန်းမယ်ခုံမြို့ကို တဖြည်းဖြည်းဦးတည်လာနေတဲ့ အနေအထားတော့ရှိတယ်။သူတို့ ရည်မှန်းချက်က နန်းမယ်ခုံမြို့ကို ပြန်ပြီးစိုးမိုးထားချင်တဲ့ သဘောမျိုးထင်တယ်”လို့ ကရင်နီပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့နဲ့ မိုင် (၂၀)၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ PNO က စစ်ကြောင်း ၂ခုနဲ့ ထိုးစစ် ဆင်နေတာ ဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်နေတယ်လို့ မိုးဗြဲမြို့မှာရှိနေတဲ့ ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

ထိတွေ့မှုတွေမှာ အထိနာတဲ့ စစ်တပ်က လက် နက်ကြီး၊ဒရုန်းတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ရည် ရွယ်ချက်ရှိရှိ စစ်ရှောင်စခန်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်မှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုရှိနေတယ်လို့ သိရပါတယ်။

“ထိတွေ့ပစ်ခတ်မှု မကြာခဏဆိုသလိုတော့ရှိတယ် ။ဟိုဖက်ကင်းသမားနဲ့ ဒီဖက်က ကင်းသမားတွေမျိုးပေါ့။ စစ်ကြောင်း အလိုက်တော့မဟုတ်သေးဘူး”လို့ ဒီးမော့ဆိုမြို့နယ်က တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ မိုးဗြဲမြို့နယ်ကာကွယ်ရေးတပ် တာ၀န်ရှိသူတွေကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အခု ဇွန်လ ၁၇ ရက်ကစပြီး ဖယ်ခုံနဲ့ မိုးဗြဲမြို့က တော်လှန်ရေးတပ်တွေ အခြေပြုရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီလို့ စစ် တပ် ဝါဒဖြန့်သူတချို့က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။