Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ အီရန်အသင်း အသွားအလာ ကန့်သတ်ခံရမှုတွေကို ဖီဖာဆီ အရေးဆိုဖို့ စီစဉ်

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ကမ္ဘာ့ဖလားမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အီရန် လက်ရွေးစင် အသင်းဟာ ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေဆီကနေ အသွားအလာ ကန့်သတ်မှုတွေနဲ့ တခြား ချုပ်ခြယ်မှုတွေ ကြုံတွေ့နေကြောင်း ဇွန်လ ၁၈ ရက်နေ့မှာ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

အီရန်အနေနဲ့ ပြိုင်ပွဲကာလမှာ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ဖီဖာဆီ စနစ်တကျ ကြိုတင် အသိပေးထားပေမယ့် အခုလို အကျပ်ရိုက်အောင် ဖိအားပေးတာတွေ ရှိနေတာလို့ သူက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်တွေဟာ အီရန်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဝန်ထမ်းတွေ အတွက်လည်း အကြီးအကျယ် အနှောင့်အယှက် ဖြစ်နေတာကြောင့် ဖီဖာအနေနဲ့ ပါဝင် ကြပ်မတ်ပေးစေလိုကြောင်း ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်ဖြစ်တဲ့ အမေရိကန်ဟာ အီရန် လက်ရွေးစင် အသင်းရဲ့ ပြည်ဝင်ခွင့် ဗီဇာတွေကို အကြီးအကျယ် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ အီရန်ဟာ တခြား ပူးတွဲအိမ်ရှင် နိုင်ငံတစ်ခုဖြစ်တဲ့ မက္ကဆီကိုမှာသာ အခြေစိုက်ပြီး လေ့ကျင့်ခန်း ဆင်းခွင့်ရပါတယ်။ ပြီးတော့ ပွဲကစားမယ့် နေ့မှသာ အမေရိကန်ကို ဝင်ရောက်ခွင့် ရပါတယ်။ ဒါ့အပြင် ကစားသမားတွေ မဟုတ်တဲ့ တခြားအသင်းဝန်ထမ်း အများအပြားဟာလည်း အမေရိကန်ရဲ့ ဗီဇာ ငြင်းဆိုမှုကို ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အီရန် ဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုအရ အီရန်အသင်းဟာ ဇွန်လ ၂၁ ရက်နေ့ကျရင် လော့စ်အန်ဂျလိစ်မှာ ဘယ်ဂျီယမ် အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်အတွက် ၂ ရက်ကြိုပြီး ရောက်ရှိနေနိုင်ရေး ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရကြောင်း သိရပါတယ်။

ဒီလို တောင်းဆိုတာဟာ ကစားသမားတွေ အနေနဲ့ ပတ်ဝန်းကျင် အနေအထားကို အကျွမ်းတဝင် ရှိစေဖို့၊ ပွဲကြို နောက်ဆုံး လေ့ကျင့်မှုတွေကို သေချာ စီမံနိုင်ဖို့၊ အပြီးသတ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ဖြစ်ကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

နည်းစနစ်ပိုင်း လိုအပ်ချက်တွေအရ သေချာရှင်းပြပြီး ခွင့်ပြုချက် တောင်းခဲ့ပေမယ့်လည်း ပြိုင်ပွဲစီစဉ်သူတွေက ပယ်ချခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။

အီရန် ဘောလုံးအဖွဲ့ချုပ်ဟာ ဒီအခြေအနေတွေအပေါ် စိတ်ပျက်နေပြီး ဖီဖာဆီ အရေးဆိုဖို့ ပြင်ဆင်နေပေမယ့် ဖီဖာကတော့ ဗီဇာ စည်းမျဉ်းတွေနဲ့ ပတ်သက်ရင် အိမ်ရှင်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို စွက်ဖက်မှာ မဟုတ်ကြောင်း သဘောထားမှတ်ချက် ပေးထားပါတယ်။

ကိုးကား: Hindu

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။