Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ် လူ ၁ ဦး သေဆုံး

ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ဦး သေဆုံးခဲ့တယ် လို့ မီးသတ်တပ်ဖွဲ့ကအသိပေးထားပါတယ်။

ဓာတ်ပုံ - MFSD

ဇွန်-၁၈၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ဦး သေဆုံးခဲ့တယ် လို့ မီးသတ်တပ်ဖွဲ့ကအသိပေးထားပါတယ်။

ဇွန်လ ၁၇ရက် ည ၇နာရီကျော်မှာ ဆားမလောက် ကျေးရွာ အုပ်စု၊ ကွင်းကလေးကျေးရွာအနီးမှာ ကုန်တင်ယာဉ်ကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်ခဲ့တဲ့ အနေအထားကို မီးသတ်တပ်ဖွဲ့ကထုတ်ပြန်တဲ့ ပုံတွေမှာ တွေ့ရပါတယ်။

အိမ်စီးကားပေါ်မှာ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး၁ဦး လိုက်ပါလာပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိခဲ့သူကို လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ဆားမလောက်တောင်သူလယ်သမားဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူကိုတော့ ဆားမလောက်ကျေးရွာက နိဗ္ဗာန်ယာဉ်နဲ့ ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

သတင်း

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ကုန်တင်ယာဉ် ၂စီး ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။