Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွစ်ဇာလန်မှာ သွားတွေ့မယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဖျက်သိမ်း

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

အစောပိုင်းမှာ အမေရိကန် အစိုးရ အရာရှိတွေက ဒုတိယ သမ္မတဟာ အခုသီတင်းပတ်ကုန်ကျရင် ဆွစ်ဇာလန်ကို သွားရောက်ပြီး စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အီရန် ကိုယ်စားလှယ်တွေနဲ့အတူ လက်မှတ် ရေးထိုးမယ်လို့ ကြေညာထားခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ အဲဒီ သဘောတူညီမှုတွေကို အီရန်နဲ့ အမေရိကန် သမ္မတတွေက သီးခြားစီ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဆွစ်ဇာလန်မှာ ပြုလုပ်မယ့် တွေ့ဆုံပွဲဟာ မလိုအပ်လောက်တော့ဘူးလို့ အီရန် အစိုးရဖက်က မှတ်ချက်ပေးထားခဲ့ပါတယ်။ ပြီးတော့ အီရန်ဟာ ဆွစ်ဇာလန်ဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပါ့မယ်လို့ ဘယ်တုန်းကမှ တိတိကျကျ ပြောမထားခဲ့ပါဘူး။

ဇွန်လ ၁၈ ရက်နေ့မှာတော့ အိမ်ဖြူတော်က ဒုတိယ သမ္မတ ဗန့်စ်ရဲ့ မူလ ရည်ရွယ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီအစား အမေရိကန် အစိုးရဟာ အီရန်နဲ့ ရယူထားတဲ့ သဘောတူညီချက် ၁၄ ရပ်ကို အကောင်အထည် ဖော်နိုင်ရေး ကိစ္စတွေအတွက် အဓိက အာရုံစိုက်သွားမယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ အီရန်သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းတို့ သီးခြားစီ လက်မှတ်ရေးထိုးခဲ့တဲ့ MoUမှာ လက်ရှိ စစ်ရေးပဋိပက္ခကို ချက်ချင်း ရပ်ဆိုင်းဖို့ သဘောတူထားပေမယ့် နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုဖို့တော့ ဆက်လက် ဆွေးနွေးမှုတွေ လိုအပ်နေဆဲပါ။ အဲဒီ ဆွေးနွေးမှုတွေကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ဖို့ နှစ်နိုင်ငံကြား ညှိနှိုင်းထားပါတယ်။

နှစ်ဖက် သမ္မတတွေက MoUကို လက်မှတ်ရေးထိုးပြီးတဲ့တိုင်အောင် ဗန့်စ်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ဆွစ်ဇာလန်ဆီ သွားရောက်ဖို့ အသင့်အနေအထား ဆက်လက် ပြင်ဆင်ထားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းကြောင်း အတည်ပြုချိန်မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ မျက်နှာစုံညီ ဆွေးနွေးမှုတွေမှာ လွယ်ကူရိုးရှင်းတဲ့ အခြေအနေမျိုး ဘယ်တော့မှ မရှိနိုင်ဘူးလို့ ထည့်သွင်း မှတ်ချက်ပေးသွားပါတယ်။

ဆွစ်ဇာလန်ကို ဗန့်စ်က သွားရောက်တော့မှာ မဟုတ်ကြောင်း အမေရိကန် ထုတ်ပြန်ချက်အပေါ် အီရန်ဖက်ကတော့ လောလောဆယ် ဘာမှ မတုံ့ပြန်သေးပါဘူး။

အစောပိုင်းမှာ ထရမ့်က နှစ်ဖက် သဘောတူညီမှုတွေရဲ့ အစိတ်အပိုင်းအဖြစ် အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ဇွန်လ ၁၉ ရက်နေ့မှာ အလုံးစုံ ပြန်ဖွင့်ပေးမယ်လို့ ပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်ရဲ့ သင်္ဘောတွေကို တားဆီးဖို့ ပါရှန်းပင်လယ်ကွေ့နားမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုတွေကိုလည်း ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။