Connect with us

Hi, what are you looking for?

သတင်း

81ကုမ္ပဏီက​ပေးတဲ့ အားကစားဝတ်စုံနဲ့ ပြေးတဲ့အမျိုးသားတစ်ဦးကိုစစ်အုပ်စုရိုက်နှက်ဖမ်းဆီး

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

(ဇွန်လ၇ ရက်ကလုပ်ခဲ့တဲ့ 81 Electronicရဲ့ အပြေးပြိုင်ပွဲမှာအားကစားသမားအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-81 Page)

ဇွန်-၁၉၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉ ရက်)မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့်မွေးနေ့ မှာ တိုက်ဆိုင်စွာ မန္တလေးမြို့တနေရာမှာ 81 Electronic ကုမ္ပဏီကနေ ပေးထားတဲ့ အားကစားဝတ်စုံနဲ့ ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်လို့မြို့ခံတွေက ပြောပါတယ်။

81 Electronic ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ၇ ရက်နေ့က မန္တလေးမြို့မှာ အပြေး ပြိုင်ပွဲကြီးတခု ပြုလုပ်ခဲ့ပြီး 81 logo အင်္ကျီ​တွေကို ထုတ်ပြီး ဖြန့်​ဝေ အ​ရောင်းမြှင့် ​ကြော်ညာခဲ့တာလို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၁နှစ်ပြည့် မွေးနေ့ကို ပြည်သူလူထုက ဆုတောင်း ပေး နေပြီး စစ်အုပ်စုကလည်း မွေးနေ့ဆု တောင်းလှုပ်ရှားမှုမှာ မပါဝင်ဖို့ ဆက်တိုက် ခြိမ်းခြောက်နေတာပါ။

အဲဒီနောက်စစ်အုပ်စုကဒီအင်္ကျီနဲ့ ပတ်သက်ပြီး စစ်ဆေး မှုတွေ ရှိနေ‌‌တာ ကြောင့် 81 စာပါတဲ့ အပြေးပြိုင်ပွဲစီစဉ်သူတချို့လည်း ဖြေရှင်းမှုတွေလုပ် နေရတယ်လို့ စုံစမ်းသိရပါတယ်။ ၈၁ လျှပ်စစ်ပစ္စည်းကုမ္ပဏီဟာ မန္တ​လေးမြို့ ၈၁ လမ်းမှာစဖွင့်ခဲ့တာဖြစ်တယ်လို့ဒေသခံအချို့က​ပြောပါတယ်။

လူထုခေါင်း ဆောင်ရဲ့ မွေးနေ့ပွဲကို ပြည်သူလူထုပါဝင်မှာစိုးရိမ်ပြီး မနေ့ကတည်းက မန္တလေးမြို့မှာ စစ်အုပ်စုက လမ်းတပြစီတိုင်း လုံခြုံရေး တွေချထားတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မနေ့ကပဲ မန္တလေးမြို့က ပန်းသည်တချို့ကို နှင်းဆီပန်းမရောင်းဖို့ စစ်အုပ်စုက လိုက်လံခြိမ်း​ခြောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။ဒါ​ကြောင့် ဒီ​နေ့ ပန်းဆိုင်​တွေဟာ နှင်းဆီပန်းမ​ရောင်းရဲကြပဲ စစ်တပ်ရန်ပြုမှာ​ကြောက်လို့ ဆိုင်​တွေလည်းအ​စောပိတ်ခသွားခဲ့ကြတယ်လို့ ​ဒေသခံပြည်သူ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း