Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းကို ဂုဏ်ပြုဖို့ လွှတ်တော်ထဲမှာ လှေလှော်ခဲ့တဲ့ နော်ဝေးအမတ်တွေ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

နော်ဝေး လက်ရွေးစင် အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်မှာ အီရတ်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး ရလဒ်ကောင်းထားပါတယ်။ လှေလှော်တာဟာ ရှေးဟောင်း နော်ဝေး ဗိုက်ကင်း ရေကြောင်းချီ စစ်သည်တွေကို အစွဲပြုထားပြီး နော်ဝေးအသင်းကို အမေရိကန်ထိ လိုက်ပါ အားပေးနေတဲ့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အောင်ပွဲခံ အမူအယာတစ်ခု ဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ လွှတ်တော် ပုံမှန် အစည်းအဝေးမှာတော့ လွှတ်တော် ဥက္ကဋ္ဌက ကြားဖြတ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်နေတဲ့ လက်ရွေးစင် ကစားသမားတွေ၊ လိုက်ပါအားပေးနေတဲ့ ပရိသတ်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အမတ်တွေလည်း လှေလှော်သင့်ကြောင်း တိုက်တွန်း အကြံပြုခဲ့ပါတယ်။

အားလုံးကလည်း တညီတညွတ်တည်း သဘောတူကြတာကြောင့် ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ပဲ လှေလှော် အောင်ပွဲခံပုံကို အတူတကွ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ သတင်းတွေကတော့ ဒါဟာ ကမ္ဘာ့ဖလားရဲ့ ပျံ့နှံ့မှုဟာ ဘောလုံးပရိသတ်တွေ ကြားမှာတင် ကန့်သတ်မထားဘဲ နေရာတိုင်းကို ရောက်ရှိနိုင်တဲ့ ပြယုဂ်တစ်ခုလို့ ဖော်ပြခဲ့ပါတယ်။

ပုံမှန်ဆိုရင် ပြိုင်ဘက် အစုအဖွဲ့တွေအကြား မူဝါဒရေးရာ ငြင်းခုံမှုတွေ ရှိနေတတ်တဲ့ နော်ဝေး လွှတ်တော် ခန်းမထဲမှာ အဲဒီ မိနစ်ပိုင်းကတော့ အာဏာရပါတီရော၊ အတိုက်အခံ ပါတီတွေပါ ညီညီညွတ်ညွတ်နဲ့ တပျော်တပါး လှေလှော်နေခဲ့တာ ဖြစ်ပါတယ်။

နော်ဝေးဟာ ဇွန်လ ၂၂ ရက်နေ့မှာ နောက်ထပ် ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီပွဲမှာ အနိုင်ရခဲ့ရင်တော့ နော်ဝေးအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် သေချာသွားမှာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။