Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People’s Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

ရွှေဘို - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ
ရွှေဘို - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က PDFအဖွဲ့အယောင်ဆောင်ကာ ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းနေကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရွှေဘို – မန္တလေးလမ်း၊ စိုင်နိုင်ကွေ့အနီးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် PDF ယူနီ ဖောင်းများ၊ PDF အများစုကိုင်ဆောင်သည့် M-22 သေနတ်များဖြင့် PDF အယောင်ဆောင်ကာ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People’s Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

“ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး အယောင်ဆောင်ပုံဖျက် အခွန်ကောက်နေ့ခဲ့တာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ လေးရက်ရှိနေပါပြီ။ စကောက်ခံတဲ့နေ့က စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ဘေးမှာ NLD အလံထောင်ခဲ့ကြပါသေးတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က PDFအားပုံဖျက်သည့်အနေဖြင့် ငွေကြေးကောက်ခံနေသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်