Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုခရိုင်တွင် စစ်အုပ်စုက PDFဝတ်စုံဝတ်ပြီး ရွာများကို မီးလိုက်ရှိူ့နေ

ယခုအခါ စစ်ကောင်စီတပ်သည် အဆိုပါယူနီဖောင်းများဝတ်ဆင်ပြီး ကျေးရွာများကို မီးလိုက်ရှို့ခြင်း၊ အများပြည်သူနေအိမ်များကိုဖျက်ဆီးခြင်းများ ပြုလုပ်ကာ တပ်ရင်းကို အများပြည်သူအထင်လွဲအောင် လုပ်ဆောင်နေကြောင်း ဗိုလ်စွန်ရဲက ပြောသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF)ယူနီဖောင်းများဝတ်ကာ ကျေးရွာများအား မီးလိုက်ရှို့ဖျက် ဆီးနေပြီး ပြည်သူအထင်လွဲအောင်ပြုလုပ်နေကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စွန်ရဲက ပြောကြားသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)
(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

တပ်ရင်းအခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်တစ်ခု၌ တပ်ရင်း၏ ယူနီဖောင်းအသစ်များ ထည့်ထားသော ဆာလာအိတ်ကြီးသုံးအိတ်နှင့် အခြားအဝတ်အစားများ၊ ဆေးပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း ခရိုင် အမှတ်(၁၈)တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်စွန်ရဲက ပြောကြားသည်။

Public Service Announcement
Public Service Announcement

ယခုအခါ စစ်ကောင်စီတပ်သည် အဆိုပါယူနီဖောင်းများဝတ်ဆင်ပြီး ကျေးရွာများကို မီးလိုက်ရှို့ခြင်း၊ အများပြည်သူနေအိမ်များကိုဖျက်ဆီးခြင်းများ ပြုလုပ်ကာ တပ်ရင်းကို အများပြည်သူအထင်လွဲအောင် လုပ်ဆောင်နေကြောင်း ဗိုလ်စွန်ရဲက ပြောသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)
(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

“အခု ပြထားတာက ကျွန်တော်တို့ တပ်ရင်းကရဲဘော်တွေပါ။”ဟု ဗိုလ်စွန်ရဲက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တပ်ရင်းအနေဖြင့် ယခင်ကအသုံးပြုခဲ့သော ဖော်ပြပါ ယူနီဖောင်းများကို ယနေ့ကစ၍ လုံးဝအသုံးပြုတော့မည်မဟုတ်ကြောင်းနှင့် ထိုယူနီဖောင်းများ ဝတ်ဆင်၍ ပြည်သူများကို ဒုက္ခပေးနေသူများသည် တပ်ရင်းနှင့် မည်သို့မျှ ပတ်သတ် ခြင်းမရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုက ထုတ်ပြန်အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။