Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်တွင် စစ်အုပ်စုက PDFဝတ်စုံဝတ်ပြီး ရွာများကို မီးလိုက်ရှိူ့နေ

ယခုအခါ စစ်ကောင်စီတပ်သည် အဆိုပါယူနီဖောင်းများဝတ်ဆင်ပြီး ကျေးရွာများကို မီးလိုက်ရှို့ခြင်း၊ အများပြည်သူနေအိမ်များကိုဖျက်ဆီးခြင်းများ ပြုလုပ်ကာ တပ်ရင်းကို အများပြည်သူအထင်လွဲအောင် လုပ်ဆောင်နေကြောင်း ဗိုလ်စွန်ရဲက ပြောသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)
(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF)ယူနီဖောင်းများဝတ်ကာ ကျေးရွာများအား မီးလိုက်ရှို့ဖျက် ဆီးနေပြီး ပြည်သူအထင်လွဲအောင်ပြုလုပ်နေကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စွန်ရဲက ပြောကြားသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)
(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

တပ်ရင်းအခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်တစ်ခု၌ တပ်ရင်း၏ ယူနီဖောင်းအသစ်များ ထည့်ထားသော ဆာလာအိတ်ကြီးသုံးအိတ်နှင့် အခြားအဝတ်အစားများ၊ ဆေးပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း ခရိုင် အမှတ်(၁၈)တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်စွန်ရဲက ပြောကြားသည်။

Public Service Announcement
Public Service Announcement

ယခုအခါ စစ်ကောင်စီတပ်သည် အဆိုပါယူနီဖောင်းများဝတ်ဆင်ပြီး ကျေးရွာများကို မီးလိုက်ရှို့ခြင်း၊ အများပြည်သူနေအိမ်များကိုဖျက်ဆီးခြင်းများ ပြုလုပ်ကာ တပ်ရင်းကို အများပြည်သူအထင်လွဲအောင် လုပ်ဆောင်နေကြောင်း ဗိုလ်စွန်ရဲက ပြောသည်။

(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)
(ပျောက်ဆုံးသွားသော ယူနီဖောင်းပုံစံနှင့် ယူနီဖောင်းမပျောက်မီက ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ PDFရဲဘော်များဝတ်ဆင်ထားစဥ်။ ။ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း)

“အခု ပြထားတာက ကျွန်တော်တို့ တပ်ရင်းကရဲဘော်တွေပါ။”ဟု ဗိုလ်စွန်ရဲက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တပ်ရင်းအနေဖြင့် ယခင်ကအသုံးပြုခဲ့သော ဖော်ပြပါ ယူနီဖောင်းများကို ယနေ့ကစ၍ လုံးဝအသုံးပြုတော့မည်မဟုတ်ကြောင်းနှင့် ထိုယူနီဖောင်းများ ဝတ်ဆင်၍ ပြည်သူများကို ဒုက္ခပေးနေသူများသည် တပ်ရင်းနှင့် မည်သို့မျှ ပတ်သတ် ခြင်းမရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုက ထုတ်ပြန်အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook