Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြောက်ပြင်ရပ် ဘီယာဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဝင်ဖမ်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစဉ်(ပုံဟောင်း)
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစဉ်(ပုံဟောင်း)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ဘီယာဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို မနေ့က ဒီဇင်ဘာလ ၁၄ရက် မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြောက်ပြင်ရပ် ၇၇ လမ်း ၊၁၀ လမ်းနဲ့ ၁၁ လမ်းကြားမှာရှိတဲ့ မန်းရွှေရည် ဘီယာဆိုင်ကို မနေ့က မနက်ပိုင်း ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်ဟာအိမ်စီးကားတွေနဲ့ ရောက်ပါတယ်။

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့အိမ်စီးကားပေါ်မှာ လည်း ရိုက်နှက်ခံထားရလို့လဲကျနေတဲ့ လူ ၁ ဦး ပါလာတာကိုကြားသိရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်ဟာ အဲဒီလဲကျနေတဲ့လူ ကို ဖမ်းဆီးရိုက်နှက်ပြီး လမ်းပြ ခိုင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

မနေ့ကဖမ်းဆီးလိုက်တဲ့ လူငယ် ၅ ဦးဟာ PDF တွေဖြစ်တယ်လို့စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေမှာတော့ သတင်းဖြန့်နေကြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။