Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား

အာဏာသိမ်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဟာ ပိုက်ဆံပေးပြီး ဖျက်ခိုင်းတာလို့ ဒေသခံတွေ ယူဆနေကြတာတွေရှိနေပါတယ်။

မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား
မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ကျုးကျော်ဆိုပြီး ဖယ်ရှားရှင်းလင်းတာတွေလုပ်ဆောင်နေရာမှာ မနေ့ကလည်း အောင်မြေသာစံမြို့နယ် သံလမ်းဘေးက နေအိမ်တွေကို ဖျက်ခိုင်းခဲ့ပါတယ်။

အိုးဘိုရပ် ၊သံလမ်းအနီး ၁၂ လမ်းကစတင်ပြီး သံလမ်းဘေး ဘက်မှာရှိတဲ့နေအိမ်တွေကို ဖျက်ခိုင်းတာလို့သိရပါတယ်။

“ကျမတို့ကို ဂရမ်မြေပုံထဲမပါဘူးဆိုပြီး အိမ်အကုန်ဖျက်သွားတာ”လို့အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား
မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား

နေအိမ်တွေကိုဖယ်ရှားရာမှာ စစ်ကောင်စီတပ်သားတွေ က လက်နက်ကိုင်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုလို မန္တလေးမှာ နေအိမ်တွေဖယ်ရှားခံရတာကို အာဏာသိမ်းပြီးနောက် မကြာခဏ ကြုံနေရတာပါ။

ဖယ်ရှားခံရတဲ့နေရာအချို့မှာတော့ မူလပိုင်ရှင်ဆိုကာ ဝင်ရောက်ခြံခတ်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

အာဏာသိမ်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဟာ ပိုက်ဆံပေးပြီး ဖျက်ခိုင်းတာလို့ ဒေသခံတွေ ယူဆနေကြတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတင် ချမ်းမြသာစည်မြို့နယ်အတွင်း သံလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားပြီးနောက် အဲဒီနေရာမှာ မြေပိုင်ရှင်ဆိုသူက အရက်ဆိုင်ဖွင့်လိုက်တာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။