Connect with us

Hi, what are you looking for?

သတင်း

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

▪️သမ္မတဘိုင်ဒန်မကြာမီ ဥပဒေအဖြစ်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်

အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက Burma Act ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)ကို အတည်ပြုလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ သဝဏ်လွှာပေးပို့သည်။

“Burma Act ဟာ ကျွန်ုပ်တို့နိုင်ငံမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ များစွာလိုအပ်နေတဲ့ မျှော်လင့်ချက်နဲ့ အထောက်အပံ့တွေ ပေးစွမ်းနိုင်ပါလိမ့်မယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောသည်။

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့
Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

အမေရိကန်သမ္မတဘိုင်ဒန်အနေဖြင့်လည်း ယင်းဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ် မကြာမီ အတည်ပြုလက်မှတ်ရေးထိုးမည်ဟု မျှော်လင့်နေကြောင်း ယာယီသမ္မတဒူဝါလရှီးလက ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ NDAA ဥပဒေကြမ်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းပါရှိသည်။

NDAA သည် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာပေးထားသည်။

ထို့အပြင် မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်လည်း ထည့်သွင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။