Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီလူကယ်ပြန် ဒုဝန်ကြီးအနား​ပေးခံရ

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

စစ်​ကောင်စီလူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်။ ဓါတ်ပုံ-လူကယ်ပြန်
စစ်​ကောင်စီလူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်။ ဓါတ်ပုံ-လူကယ်ပြန်

အာဏာသိမ်းစစ်ကောင်စီကလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို တာဝန်မှရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သည်။

စစ်‌ကောင်စီကနိုင်ငံတော်အာဏာသိမ်းပြီးနောက်လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးအဖြစ် ဒေါ်သက်သက်ခိုင်ကို တာဝန်ပေးခဲ့ပြီးစစ်တပ်မှအသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်ကို ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီး၊ ဒုဝန်ကြီးနှင့်အဖွဲ့ ဓါတ်ပုံ-လူကယ်ပြန်
စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီး၊ ဒုဝန်ကြီးနှင့်အဖွဲ့ ဓါတ်ပုံ-လူကယ်ပြန်

ယခုအခါ ဦးအောင်ထွန်းခိုင်ကို ထုတ်ပယ်လိုက်ပြီး စစ်တပ်အသွင်းပြောင်းတစ်ဦးကို အစားထိုးခန့်အပ်ရန်ပြင်ဆင်နေသည်ဟု ယင်းဌာနဝန်ထမ်းများကပြောသည်။

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့ကပြောဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။