Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီလူကယ်ပြန် ဒုဝန်ကြီးအနား​ပေးခံရ

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

စစ်​ကောင်စီလူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်။ ဓါတ်ပုံ-လူကယ်ပြန်
စစ်​ကောင်စီလူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်။ ဓါတ်ပုံ-လူကယ်ပြန်

အာဏာသိမ်းစစ်ကောင်စီကလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို တာဝန်မှရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သည်။

စစ်‌ကောင်စီကနိုင်ငံတော်အာဏာသိမ်းပြီးနောက်လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးအဖြစ် ဒေါ်သက်သက်ခိုင်ကို တာဝန်ပေးခဲ့ပြီးစစ်တပ်မှအသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်ကို ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီး၊ ဒုဝန်ကြီးနှင့်အဖွဲ့ ဓါတ်ပုံ-လူကယ်ပြန်
စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီး၊ ဒုဝန်ကြီးနှင့်အဖွဲ့ ဓါတ်ပုံ-လူကယ်ပြန်

ယခုအခါ ဦးအောင်ထွန်းခိုင်ကို ထုတ်ပယ်လိုက်ပြီး စစ်တပ်အသွင်းပြောင်းတစ်ဦးကို အစားထိုးခန့်အပ်ရန်ပြင်ဆင်နေသည်ဟု ယင်းဌာနဝန်ထမ်းများကပြောသည်။

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့ကပြောဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook