Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏လူကယ်ပြန်ဒုဝန်ကြီးမိသားစုအပြင် ဌာနဝန်ထမ်း ၁၃ ဦးပါ ကိုဗစ်ဖြစ်​နေ

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့က ပြောသည်။

(စစ်​ကောင်စီ၏ လူကန်ပြန်ဝန်ကြီး၊ဒုဝန်ကြီး၊အရာရှိအချို့။ အလယ်မှတိုက်ပုံအဖြူနှင့် ပုဂ္ဂိုလ်မှာ ဦး​အောင်ထွန်းခိုင်ဖြစ်သည်)

စစ်ကောင်စီခန့် လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုဗစ်ကူးစက်ခံရပြီးနောက် ဝန်ထမ်း၁၃ဦးတွင်လည်း ကိုဗစ်​ရောဂါဖြစ်​နေ၍ကုသမှုခံယူနေရသည်ဟု ယင်းဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

စစ်ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ၎င်း၏ မိသားစုဝင်များအားလုံးအား ဇန်နဝါရီလဆန်းရက်တွင် ကျန်းမာရေးစစ်ဆေးရာ ကိုရိုနာဗိုင်ရပ်စ်တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအပြင်ဌာနမှ ဝန်ထမ်းအချို့ ကျန်းမာရေးမကောင်း၍ ယမန်နေ့(ဇန်နဝါရီ ၈ရက်)က ထပ်မံစစ်ဆေးရာ ၁၃ ဦး၌ ပိုးတွေ့​ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“သဇင်ဆောင်မှာ နေတဲ့ ဝန်ထမ်း၁၃ ယောက် ပိုးတွေ့တယ်။ သူတို့ကို သီးသန့်ထားတယ်”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

ဦးအောင်ထွန်းခိုင်၏ လတ်တလောကျန်းမာရေးအ​ခြေအနေနှင့် ​ဒေါ်သက်သက်ခိုင်ပါ ကူးစက်ခံရခြင်းရှိ၊မရှိကိုမူ မသိရသေး​ပေ။

Public Service Announcement

Public Service Announcement

စစ်တပ်မှ အသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်သည် ဒီချုပ်အစိုးရလက်ထက်တွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သော်လည်း စစ်တပ်က နိုင်ငံတော်အာဏာအတင်းအဓမ္မသိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာ ပြန်ခန့်ခဲ့သည်။ စစ်ကောင်စီခန့်ဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် အဂ်လိပ်ဘာသာစကားမပြောတတ်ခြင်းနှင့် စီမံခန့်ခွဲမှုမလုပ်တတ်ခြင်းကြောင့် စစ်ကောင်စီက ဦးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့က ပြောသည်။

လူကယ်ပြန်ဝန်ကြီးဌာနသည် အရပ်သားအစိုးရလက်ထက် တွင်ဒေါက်တာဝင်းမြတ်အေး၏ ဦးဆောင်မှုဖြင့် ​ပြည်သူများအတွက်အစွမ်းကုန်ကြိုးစားဖြည့်ဆည်းခဲ့သဖြင့် ပြည်သူထောက်ခံမှုအများဆုံးရခဲ့သည့်ဌာနတစ်ခုဖြစ်ခဲ့သည်။အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင်မူရွေးကောက်ပွဲတွင် မဲမရခဲ့​သော ဒေါက်တာသက်သက်ခိုင်နှင့်အတူ ပြည်သူလူထု၏ ပြက်ရယ်ပြုမှုအများဆုံးရရှိ​သောဌာနတစ်ခုဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။