Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏လူကယ်ပြန်ဒုဝန်ကြီးမိသားစုအပြင် ဌာနဝန်ထမ်း ၁၃ ဦးပါ ကိုဗစ်ဖြစ်​နေ

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့က ပြောသည်။

(စစ်​ကောင်စီ၏ လူကန်ပြန်ဝန်ကြီး၊ဒုဝန်ကြီး၊အရာရှိအချို့။ အလယ်မှတိုက်ပုံအဖြူနှင့် ပုဂ္ဂိုလ်မှာ ဦး​အောင်ထွန်းခိုင်ဖြစ်သည်)

စစ်ကောင်စီခန့် လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုဗစ်ကူးစက်ခံရပြီးနောက် ဝန်ထမ်း၁၃ဦးတွင်လည်း ကိုဗစ်​ရောဂါဖြစ်​နေ၍ကုသမှုခံယူနေရသည်ဟု ယင်းဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

စစ်ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ၎င်း၏ မိသားစုဝင်များအားလုံးအား ဇန်နဝါရီလဆန်းရက်တွင် ကျန်းမာရေးစစ်ဆေးရာ ကိုရိုနာဗိုင်ရပ်စ်တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအပြင်ဌာနမှ ဝန်ထမ်းအချို့ ကျန်းမာရေးမကောင်း၍ ယမန်နေ့(ဇန်နဝါရီ ၈ရက်)က ထပ်မံစစ်ဆေးရာ ၁၃ ဦး၌ ပိုးတွေ့​ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“သဇင်ဆောင်မှာ နေတဲ့ ဝန်ထမ်း၁၃ ယောက် ပိုးတွေ့တယ်။ သူတို့ကို သီးသန့်ထားတယ်”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

ဦးအောင်ထွန်းခိုင်၏ လတ်တလောကျန်းမာရေးအ​ခြေအနေနှင့် ​ဒေါ်သက်သက်ခိုင်ပါ ကူးစက်ခံရခြင်းရှိ၊မရှိကိုမူ မသိရသေး​ပေ။

Public Service Announcement

Public Service Announcement

စစ်တပ်မှ အသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်သည် ဒီချုပ်အစိုးရလက်ထက်တွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သော်လည်း စစ်တပ်က နိုင်ငံတော်အာဏာအတင်းအဓမ္မသိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာ ပြန်ခန့်ခဲ့သည်။ စစ်ကောင်စီခန့်ဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် အဂ်လိပ်ဘာသာစကားမပြောတတ်ခြင်းနှင့် စီမံခန့်ခွဲမှုမလုပ်တတ်ခြင်းကြောင့် စစ်ကောင်စီက ဦးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြ​ကြောင်းအောက်ခြေဝန်ထမ်းအချို့က ပြောသည်။

လူကယ်ပြန်ဝန်ကြီးဌာနသည် အရပ်သားအစိုးရလက်ထက် တွင်ဒေါက်တာဝင်းမြတ်အေး၏ ဦးဆောင်မှုဖြင့် ​ပြည်သူများအတွက်အစွမ်းကုန်ကြိုးစားဖြည့်ဆည်းခဲ့သဖြင့် ပြည်သူထောက်ခံမှုအများဆုံးရခဲ့သည့်ဌာနတစ်ခုဖြစ်ခဲ့သည်။အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင်မူရွေးကောက်ပွဲတွင် မဲမရခဲ့​သော ဒေါက်တာသက်သက်ခိုင်နှင့်အတူ ပြည်သူလူထု၏ ပြက်ရယ်ပြုမှုအများဆုံးရရှိ​သောဌာနတစ်ခုဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။