Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲအပြီး ကမ္ဘာ့ဖလားကြီးကို အာဂျင်တီးနား ဆွတ်ခူး

ပြင်သစ်ကတော့ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းထိ နီးစပ်ခဲ့ပြီးမှ ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲအပြီး ကမ္ဘာ့ဖလားကြီးကို အာဂျင်တီးနား ဆွတ်ခူး
စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲအပြီး ကမ္ဘာ့ဖလားကြီးကို အာဂျင်တီးနား ဆွတ်ခူး

ပြဇာတ်ဆန်ဆန် အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ မိနစ်ပေါင်း ၁၂၀ ကျော်ကို ယှဉ်ပြိုင်ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဂျင်တီးနားက ပြီးခဲ့တဲ့ ပြိုင်ပွဲရဲ့ ချန်ပီယံ ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားက ဦးဆောင်ဂိုးတွေသွင်းရင်း၊ ပြင်သစ်ကလည်း အကြိမ်ကြိမ် ချေပရင်းနဲ့ ပရိသတ်တွေကို ရင်တထိတ်ထိတ်ဖြစ်အောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အာဂျင်တီးနားအတွက် လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုးရယ်၊ အန်ဟဲလ် ဒီမာရီယာရဲ့ ဂိုးရယ်ကြောင့် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပြင်သစ်ဟာ ပွဲချိန် မိနစ် ၇၀ လောက်ထိ အာဂျင်တီးနားရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ အဖြေရှာမတွေ့ဘဲ ရုန်းကန်နေခဲ့ရပါတယ်။ အဲဒီနောက် နည်းပြ ဒီဒီရာ ဒက်စ်ချမ့်က ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင် အန်ထော်နီ ဂရိဇ်မန်းနဲ့ နောက်ခံလူ သီယို ဟာနန်ဒက်ဇ်တို့ကိုထုတ်ပြီး မြန်နှုန်းမြင့် ကစားသမားတွေဖြစ်တဲ့ မားကက်စ် သူရမ်၊ ကင်စလေ ကိုးမန်းတို့ကိုထည့်ပြီး နည်းဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အာဂျင်တီးနား ခံစစ်ဟာ ရုတ်တရက် ကွဲပြားသွားတဲ့ ပြင်သစ်ရဲ့ တိုက်စစ် ကစားပုံမှာ အငိုက်မိပြီး ပင်နယ်တီ တစ်လုံး အပါအဝင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက နှစ်မိနစ်အတွင်း နှစ်ဂိုးဆက် သွင်းယူလို့ မိနစ် ၉၀ ပြည့်သွားချိန်မှာ နှစ်ဂိုးစီ သရေ ဖြစ်နေခဲ့ပါတယ်။

အချိန်ပို မိနစ် ၃၀ ဆက်ကစားရာမှာလည်း အာဂျင်တီးနားဖက်က မက်ဆီနဲ့ ပြင်သစ်ဖက်က အမ်ဘက်ပီတို့က တစ်ဂိုးစီ ထပ်သွင်းနိုင်တာကြောင့် သုံးဂိုးစီ သရေနဲ့ ပွဲပြီးခဲ့ပြန်ပါတယ်။ အမ်ဘက်ပီကတော့ အခုနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုး အများဆုံး ရွှေဖိနပ် ပိုင်ရှင်ဆုကိုပါ ၈ ဂိုးနဲ့ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပင်နယ်တီ ကန်သွင်းရာမှာတော့ ပြင်သစ်ဖက်က ကိုးမန်းနဲ့ အော်ရီလီယန် ချူမန်နီတို့ ဂိုးမဝင်ခဲ့ဘဲ အာဂျင်တီးနားက ၄ လုံးဆက်တိုက် အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အမေရိက ထိပ်တန်း အသင်းအတွက်တော့ ကမ္ဘာ့ဖလားကို တတိယ အကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် မက်ဆီကလည်း သူ့ရဲ့ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကို သိမ်းယူနိုင်ခဲ့ပြီး သမိုင်းတလျှောက် အငြင်းပွားစရာမရှိ အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သက်သေထူသွားနိုင်ခဲ့ပါတယ်။ ပြင်သစ်ကတော့ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းထိ နီးစပ်ခဲ့ပြီးမှ ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီးတစ်ခု ချီလီနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်သွားပြီးတဲ့နောက် အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားခြင်းနဲ့အတူ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံတွေရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေပါတယ်။