Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အချိန်ပို အနိုင်ဂိုးနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို စပိန်သိမ်းပိုက်

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - PA

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

အခုပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် ကစားသမား လီယွန်နယ်မက်ဆီ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး စပိန်ကတော့ တစ်ပွဲလုံးလိုလို ဂိုးဖန်တီးမှုတွေရော၊ ဘောလုံးပိုင်ဆိုင်မှုပါ အသာစီးယူပြီး ကစားသွားခဲ့ပါတယ်။ စပိန်ဟာ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရခဲ့ပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ထိ ဂိုးမရခဲ့ပါဘူး။ အာဂျင်တီးနား နောက်တန်း ပုံစံကောင်း ရခဲ့သလို ဝါရင့်ဂိုးသမားကြီး အီမီလီယာနို မာတီနက်ဇ်လည်း လက်စွမ်းပြပြီး စပိန်ရဲ့ အားထုတ်မှုတွေကို အကြိမ်ကြိမ် ဟန့်တားခဲ့ပါတယ်။

ဓာတ်ပုံ – FIFA

ဒုတိယပိုင်း ပြီးခါနီး နောက်ဆုံး နာကျင်အပိုဆောင်းချိန် မိနစ်တွေမှာတော့ ပွဲအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အဖျက်ကြမ်းမှုကြောင့် ဒုတိယ အဝါကတ်ပြသ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ၁၀ ယောက်သာ ကျန်တော့တဲ့ အာဂျင်တီးနားကို စပိန်က ပိုပြီး စိတ်တိုင်းကျ ထိန်းချုပ် ကစားလာနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်စေမယ့် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၁၀၆ မိနစ်မှာ စပိန်တိုက်စစ်သမား ဖယ်ရန်တောရက်စ်က သွင်းယူခဲ့ပါတယ်။ ပက်ဒရို ပေါ်ရိုရဲ့ ဖြတ်တင်ဘောကို နစ်ကို ဝီလျံစ်က ခေါင်းတိုက် ချပေးလိုက်ပြီး တောရက်စ် ပြေးဝင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ အာဂျင်တီးနားက ချေပဂိုး ရအောင် တစ်သင်းလုံး တက်ဖိဖို့ ကြိုးစားခဲ့ပေမယ့်လည်း စပိန်ရဲ့ စနစ်ကျတဲ့ စုဖွဲ့တားဆီးမှုတွေကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ စပိန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ချန်ပီယံ အသင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Getty

ပွဲပြီးဆုံးသွားချိန်မှာ စပိန်ကွင်းလယ်လူ လီယန်ဒရို ပါရီဒက်စ်ဟာ စပိန် ကစားသမား တချို့ကို ကိုယ်ထိလက်ရောက် ရန်မူတိုက်ခိုက်ခဲ့တာကြောင့် အကျည်းတန်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါသေးတယ်။

စပိန်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၂ ကြိမ်တက်ရောက်ဖူးပြီး ၂ ကြိမ်စလုံး ဗိုလ်စွဲခဲ့တာပါ။ စပိန်အသင်းဟာ ၂၀၂၄ တုန်းက ဥရောပ တံခွန်စိုက် ဖလားကို ဗိုလ်စွဲထားတဲ့ လက်ရှိ ဥရောပ ချန်ပီယံလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – FIFA

ကမ္ဘာ့ဖလားမှာ ၃ ကြိမ် ဗိုလ်စွဲဖူးတဲ့ အာဂျင်တီးနားကတော့ ချန်ပီယံဆုကို ကာကွယ်ဖို့ ဗိုလ်လုပွဲထိ တက်လှမ်းလာခဲ့ပေမယ့် ရည်မှန်းချက် မပြည့်မြောက်ခဲ့ပါဘူး။ အာဂျင်တီးနားဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ၃ ကြိမ်ထိ ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် ၁ ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

ဆောင်းပါး

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံ လက်စွပ်တွေကိုပါ ချီးမြှင့် ခံရမယ်လို့ သိရပါတယ်။

ဆောင်းပါး

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

Facebook