Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ယာဥ် တစ်စီးဖမ်းဆီးရာ ကျည်အများအပြားသိမ်းဆည်းရမိ

ဒီဇင်ဘာ၁၆ ရက် နေ့လယ်ပိုင်းက မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေသော စစ်ကောင်စီတပ်အတွက် ရောက်လာသည့် ထောက်ပို့ယာဥ်ငယ်တစ်စီးကို ကြားဖြတ်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ
သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီ​အတွက် သယ်ဆောင်လာသော ထောက်ပို့ယာဥ်ငယ်တစ်စီးအား ဖမ်းဆီးရာ ကျည်အများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ၁၆ ရက် နေ့လယ်ပိုင်းက မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေသော စစ်ကောင်စီတပ်အတွက် ရောက်လာသည့် ထောက်ပို့ယာဥ်ငယ်တစ်စီးကို ကြားဖြတ်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်အရ ယာဥ်ငယ်မှာ ပြည်သူတစ်ဦး၏ကိုယ်ပိုင်ယာဥ်ဖြစ်နေခြင်း၊ ယာဥ်မောင်းမှာလည်း သာမန်အရပ်သားပြည်သူဖြစ်နေခြင်းကြောင့် ယာဥ်ပေါ်ပါ ထောက်ပို့ပစ္စည်းများအား သိမ်းဆည်းကာ ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်ကြောင်း (ပ.က.ဖ-မတ္တရာ)က အသိပေးသည်။

သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ
သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ – ပ.က.ဖ-မတ္တရာ

“ကျွန်တော်တို့က ကြိုတင်သတင်းရတာ။ စကစတွေ တပ်ရွှေ့တဲ့အခါကျရင် ရိက္ခာတို့ဘာတို့ကို အဲဒီလိုသီးသန့်ယာဥ်လေးတွေနဲ့ပို့တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့က သတင်းရရှိထားတယ်။ ကြိုတင်သတင်းရရှိတဲ့အတွက် အဲဒီကားထွက်အလာကိုစောင့်ပြီး ဖမ်းလိုက်တာ။ ကျွန်တော် တို့ထင်တာကတော့ စကစက သူတို့ကိုယ်ပိုင်ယာဥ်နဲ့သယ်တယ်လို့ယူဆတာ။ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါကျတော့ ပြည်သူတစ်ယောက်ပိုင်တဲ့ယာဥ်ကို ချောဆွဲပြီးတော့ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းလုပ်တာပါ။”ဟု ပ.က.ဖ-မတ္တရာက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထောက်ပို့ယာဥ်ငယ်ပေါ်မှ ကျည်အမျိုးအစား အများအပြားနှင့် ကင်မရာတစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၉)လုံး၊ Power Bank နှစ်လုံး၊ ဓားအတိုအရှည် သုံးချောင်း စသည့်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)သည် စစ်ကောင်စီထောက်တိုင်များ၊ စစ်တပ်စခန်းများ၊ စကစတပ်ဖွဲ့ဝင်များကို အဓိကပစ်မှတ်ထား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး အများပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်းများကို ထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပ.က.ဖ-မတ္တရာက အသိပေးထားသည်။

ထို့အပြင် စစ်ကောင်စီကို ဆက်လှန်တော်လှန်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများက ဆက်လက်ထောက်ပံ့ကူညီကြရန်လည်း ပ.က.ဖ-မတ္တရာက နှိုးဆော်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။