Connect with us

Hi, what are you looking for?

သတင်း

ကဗျာဆရာမောင်မှိုင်းလွင်(အင်းဝ)နာရေး ဘန်ကောက်မြို့တွင် ပြုလုပ်

၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့်အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ - PS

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာ၊ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ)​၏ နာရေးအခမ်းအနားကို ဘန်ကောက်မြို့ရှိ Wat Lak Si ဘုန်းတော်ကြီးကျောင်း၌ ယနေ့ ပြုလုပ်ခဲ့သည်။

ဆရာကြီးမောင်မှိုင်းလွင်(အင်းဝ)သည် ယမန်နေ့ (ဒီဇင်ဘာ ၂၀ရက်) နေ့လယ် ၂နာရီ ၁၇မိနစ်တွင် ဘန်ကောက်မြို့၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွန်လွန်ချိန်တွင် အသက်(၇၂)နှစ်ရှိပြီဖြစ်သည်။

ကဗျာဆရာမောင်မှိုင်းလွင် (အင်းဝ)၏အမည်ရင်းမှာ ဦးတင်အေးကြူဖြစ်ပြီး ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အဖ ဦးသန်းစိန်၊ အမိ ဒေါ်မြမေတို့က မန္တလေးတိုင်း၊ တံတားဦးမြို့၌ မွေးဖွားခဲ့သည်။

၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့်အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ဦးတင်အေးကြူ၏ နိုင်ငံရေးလှုပ်ရှားဖြတ်သန်းမှုများအနေဖြင့် ၁၉၈၈-၈၉ ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဌာနခွဲ အလုပ်အဖွဲ့မှူး၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (နမတ)ပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မန္တလေး)၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (အထက်ဗမာပြည်)တို့တွင် ဆောင်ရွက်ခဲ့သည်။

မှိုင်းရာပြည့်သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတင်အေးကြူသည် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်းစိန်ထောင်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးတောင်ပုံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မန္တလေးနန်းတွင်း အကျဉ်းထောင်တွင် တစ်ကြိမ်း ဖမ်းဆီးထောင်ကျခံခဲ့ရသည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ – PS

ဦးတင်အေးကြူ၏ ကလောင်အမည်ခွဲများမှာ ပြေကောင်းအောင်၊ မောင်မှိုင်းလွင် (အင်းဝ)၊ မောင်မှိုင်း (အင်းဝ)၊ ဇူဒီသြ စသည့်အမည်တို့ဖြင့် ပဲ့တင်သံ၊ သင့်ဘဝ၊ ပေဖူးလွှာ၊ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်၊ ကလျာ၊ ရုပ်ရှင်တေးကဗျာ၊ အောင်ပင်လယ်၊ ပိတောက်ပွင့်သစ်၊ ရနံ့သစ် အစရှိသည့် မဂ္ဂဇင်းများနှင့် သတင်းစာဂျာနယ်များတွင် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့သည်။

ထို့ပြင် သီချင်းထဲက သမိုင်း၊ သမိုင်းထဲက သီချင်း၊ နွေဦးငှက်ရဲ့ အိပ်တန်းပြန်၊ ခွပ်မှလှတဲ့ဒေါင်း၊ အမှောင်မှာနေတာ ကျင့်သားရပြီပဲ အစရှိသည့် ဆောင်းပါးနှင့် ကဗျာစာအုပ်များ ထုတ်ဝေခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။