Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDFမိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(PDF က​လေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF(က​လေး))
(PDF က​လေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF(က​လေး))

ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း PDF(ကလေး)မှ တာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အရင်ရက်ကသုံးအိမ်စုရွာကို သူတို့(စစ်ကောင်စီတပ်)ဝင်လာတယ်. ကျွန်တော်အဖွဲ့က မိုင်း၅လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ သူတို့က မြို့လှရွာပြန်တယ်။ ပြီးတော့သူတို့ဌာနချုပ်ကိုပြန်ဆုတ်သွားတယ်။ အဲ့ဒီပြန်ဆုတ်သွားတဲ့ သူတွေက အခု ထိုမာရွာကို ဝင်လာလို့မိုင်းဆွဲခဲ့တာ။စစ်ကြောင်းက တစ်ခုတည်း တောင်ပိုင်းနယ်မြေတကြောကို ရှင်းလင်းရေးဝင်တာလားဆိုတာခန့်မှန်းလို့မရသေးဘူး”ဟုPDF(ကလေး)တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားနှစ်ဦသေဆုံးပြီး တပ်ဖွဲ့ဝင်အများအပြားဒဏ်ရာရရှိခဲ့သည်။စစ်ကောင်စီတပ်ဖွဲများသည် မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်၌ ၁၀ မိနစ်ခန့်ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိုမာကျေးရွာအတွင်းသို ဝင်၍ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်းPDFက​လေးကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် အများပြည်သူနေထိုင်နေရာများကို စစ်ကြောင်းထိုးလာနိုင်သဖြင့်တိုက်ပွဲများဖြစ်လာနိုင်​ကြောင်းPDF(ကလေး)တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် အင်းအား ၁၀၀ ခန့်ဖြင့်တောင်သာရပ်ကွက်တွင် ဒီဇင်ဘာ ၁၈ ရက်က စစ်ကြောင်းထိုးလာရာသုံးအိမ်စုရွာတွင် PDF(ကလေး)က ဒီဇင်ဘာ ၁၉ ရက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲများ ထိခိုက်သေဆုံးမှု ရှိနိူင်သော်လည်းအတည်ပြုနိူင်ခြင်း မရှိသေးဟုPDF(ကလေး)ကဒီဇင်ဘာ၁၉ရက်တွင်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။