Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေး ကျောက်သမားအများစု ပြန်လွတ်လာ

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေး ကျောက်သမားအများစု ပြန်လွတ်လာ
စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေး ကျောက်သမားအများစု ပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်မျက်ဈေးပြင်ပမှာ အရောင်းအဝယ်ပြုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေး ကျောက်သမားအများစု ဒီရက်ပိုင်းမှာ ပြန်လွတ်လာကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်း မန္တလေး က ကျောက်မျက် ကုမ္ပဏီ ၂ ခုရဲ့ခြံဝန်းထဲမှာ အရောင်းအဝယ်လုပ်နေတဲ့ ကျောက်သမား ၅၀၀ ခန့်ကို စစ်ကောင်စီတပ်က ဝင်ပြီးဖမ်းဆီးခဲ့တာပါ။

ဖမ်းခံရသူ ကျောက်သမားတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါပါတယ်။

ဖမ်းထားသူတွေကို အိုးဘိုထောင်ကိုပို့ပြီး ၁ လကျော်အကြာ မှာတော့ တရုတ်နိုင်ငံသားတွေအပါအဝင် ကျောက်သမား ၂၀၀ ခန့်ကိုစစ်ကောင်စီကပြန်လွှတ်ပေးလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

ဒီရက်ပိုင်း လွတ်လာသူတွေကတော့ ထောင်ဒဏ် ၁ နှစ်ခွဲ ချခံရသူတွေဖြစ်ပြီး ဖမ်းခံရသူ အများစု လွတ်လာတာတွေ့ရတယ်လို့ ကျောက်သမားတွေအမှု လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေနဲ့နီးစပ်သူထံက တဆင့်ပြန်သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ကျောက်ဝိုင်းပြန်စည်ကားဖို့နဲ့အခွန်ရဖို့အတွက် မဟာအောင်မြေ ကျောက်ဝိုင်းပြင်ပမှာ အရောင်းအဝယ်လုပ်သူတွေကို စီမံချက်နဲ့ဖမ်းဆီးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။