Connect with us

Hi, what are you looking for?

News

ဖမ်းထားတဲ့ကျောက်သမား ၄၆၀ ဦးကို စစ်ကောင်စီတရားစွဲလိုက်ပြီး သက်သေအဖြစ်ကျောက်တွေကိုသိမ်းဆည်း

ကျောက်သမားတွေကတော့ အိုးဘိုအကျဉ်းထောင်ရောက်နေကြတာဖြစ်ပြီး ထောင်တွင်းကနေ တရားရင်ဆိုင်နေရကာ မိသားစုနဲ့လည်းတွေ့ခွင့်မရသေးပါဘူး။

ကျောက်ဝိုင်းပြင်ပမှာအရောင်းအဝယ်လုပ်တယ်ဆိုကာ ကျောက်သမားတွေကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မန္တလေးမှာ နေရာတစ်ခုကိုဝင်စီးစဉ်

မန္တလေးမှာ ကျောက်သမား ၄၆၀ ဦးကိုတရားစွဲလိုက်ပြီး သိမ်းဆည်းရမိတဲ့ကျောက်တွေကို သက်သေအဖြစ် စစ်ကောင်စီက သိမ်းဆည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သတ်မှတ်ထားတဲ့ကျောက်ဝိုင်းမှာမရောင်းချလို့ဆိုကာ မန္တလေးက ကျောင်းအရာင်းအဝယ်လုပ်တဲ့ နေရာ ၂ ခုကိုဝင်စီးပြီး ကျောက်သမားတွေကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။

ဖမ်းမိတဲ့ ကျောက်သမားတွေကို အောင်မြေသာစံမြို့နယ်နဲ့မဟာအောင်မြေမြို့နယ်တရားရုံးတွေမှာ ဒီနှစ်ဆန်း ဇန်နဝါရီလ ၅ ရက်က ကျောက်မျက်ဥပဒေတွေနဲ့ စစ်ကောင်စီတရားစွဲလိုက်ပါတယ်။

ဒါအပြင် ဖမ်းတဲ့အချိန်က သိမ်းဆည်းရမိတဲ့ ကျောက်တွေကို သက်သေအဖြစ် သိမ်းလိုက်တယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကျောက်တွေကို စစ်ကောင်စီ ရာဖြတ်နဲ့ တန်ဖိုးဖြတ်နေတယ်လို့လည်းသိရပါသေးတယ်။

ဖမ်းခံရတဲ့ကျောက်သမားတွေကတော့ အိုးဘိုအကျဉ်းထောင်ရောက်နေကြတာဖြစ်ပြီး ထောင်တွင်းကနေ တရားရင်ဆိုင်နေရကာ မိသားစုနဲ့လည်းတွေ့ခွင့်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။