Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

မနေ့ကစတင်ပြီး ၁၆ မိုင်ဂိတ်မှာ မန္တလေးမြို့ထဲ ဝင်မယ့် အိမ်စီးကားနဲ့ ခရီးသည်တင်ကားကလွဲရင် ကျန်တဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ၁ စီးချင်း တားဆီးစစ်ဆေးနေတာပါ။

မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်
မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

မန္တလေးမြို့အဝင်ဖြစ်တဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ် မှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်က အစစ်အဆေး ကြမ်းနေလို့ မြို့ထဲ ဝင်ဖို့စောင့်ဆိုင်းနေတဲ့ ကားအစီးရေဟာ အများအပြားဖြစ်နေပါတယ်။

မနေ့ကစတင်ပြီး ၁၆ မိုင်ဂိတ်မှာ မန္တလေးမြို့ထဲ ဝင်မယ့် အိမ်စီးကားနဲ့ ခရီးသည်တင်ကားကလွဲရင် ကျန်တဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ၁ စီးချင်း တားဆီးစစ်ဆေးနေတာပါ။

ဒါကြောင့်ကားတွေပိတ်မိနေပြီး စောင့်ဆိုင်းနေတဲ့ ကားတန်းဟာ မိုင် ၂၀ လောက်ကနေ စစ်ဆေးခံရမယ့် ၁၆ မိုင်အထိ ၄ မိုင်သာသာ ကားတန်းရှည်ကြီးဖြစ်နေတယ်လို့ အဲဒီလမ်းပိုင်းကိုဖြတ်သန်းခဲ့ရသူ ကားသမားတစ်ဦးကပြောပါတယ်။

အခုလို စစ်ဆေးတဲ့ ဂိတ်ဟာ မန္တလေး − လားရှိုး လမ်းပိုင်းမှာရှိတဲ့ဂိတ်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ရန်ကုန် ၊မန္တလေး တို့လို မြို့ကြီးတွေဆီ အဝင်မှာ စစ်ဆေးမှုတင်းကျပ်ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ် ၊ကရင်ပြည်နယ်တို့ကြားဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ပဲခူတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားက ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာဆိုရင်လည်း ရန်ကုန်ထဲဝင်ခွင့်ရဖို့ ရာနဲ့ချီပြီး ကားတန်းရှည်ကြီးနေ့တဓူဝ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။