လွိုင်ကော်-စံပြ(၆မိုင်)-ဒေါတမကြီး-ဘောလခဲ လမ်းမကြီးကို အရေးပေါ် ပိတ်ထားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၀က ယနေ့(ဒီဇင်ဘာ ၂၄ ရက်) ထုတ်ပြန်သည်။
ထို့ကြောင့် ဒီဇင်ဘာ ၂၅ရက်ကစ၍ ပြည်သူများအနေဖြင့်(ဒေသခံပြည်သူများ အပါအဝင်)လမ်းပိတ်ထားစဥ်ကာလအတွင်း အသွားအလာမပြုလုပ်ရန် သတိပေးသည်။
“စစ်ရေးအခြေအနေကြောင့်ပါ။ပြည်သူတွေလိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါလမ်းပိုင်းကို ပိတ်ပင်ရန် ဖေဖော်ဝါရီ ၂၈ရက် က ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊အမှတ်(၁)ခရိုင် ၊ဒီးမော့ဆိုမြို့နယ်အုပ်ချုပ် ရေးမှူး၊ကရင်နီတပ်မတော် KA၊KNDF B- 10နှင့် KNDF- B9တို့၏ ယခုလ ၂၃ ရက်က အစည်းအဝေးဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement
လမ်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ပြန်လည် ကြေညာပေးသွားမည်ဟု KNDF တပ်ရင်း (၁၀)က ဆိုသည်။

လမ်းပိုင်းဆိုင်ရာ ပိတ်ပင်ထားစဥ်ကာလအတွင်း စားသောက်ကုန်၊လူသုံးကုန်နှင့် စက်သုံးဆီများ၏ စျေးနှုန်းကို တိုးမြှင့်ရောင်းချခြင်းမပြုလုပ်ရန် KNDF က မေတ္တာရပ်ခံသည်။
ထို့အပြင် နိုဝင်ဘာ နောက်ဆုံးပတ်ကစ၍ စစ်ရေး အခြေအနေကြောင့် ရှားတော-လွိုင်ကော် လမ်းပိုင်းကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တပ်ရင်း (၁၄)က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။


















































