Connect with us

Hi, what are you looking for?

သတင်း

မိုဆိုရွာ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရမှု အမြဲသတိရပြီး တရားမျှတမှုရသည်အထိ လုပ်ဆောင်မည် ဟု KNDF အသိပေး

မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။

(စစ်ကောင်စီတပ်က ယမန်နှစ် ဒီဇင်ဘာ၂၄ရက်တွင် မိုဆိုရွာ၌ အရပ်သားပြည်သူများအား သတ်ဖြတ်မှုလုပ်ဆောင်ခဲ့စဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်က ယမန်နှစ် ဒီဇင်ဘာ၂၄ရက်တွင် မိုဆိုရွာ၌ အရပ်သားပြည်သူများအား သတ်ဖြတ်မှုလုပ်ဆောင်ခဲ့စဉ်၊ ဓာတ်ပုံ - KNDF)

မိုဆို​​ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက် မီးရှို့သတ်ဖြတ်မှု (၁)နှစ်ပြည့်မြောက်ပြီဖြစ်ရာ အစဥ်အမြဲ ​အောက့်​မေ့သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်​ဆောင်သွားမည်ဖြစ်​ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ မိုဆို​ကျေးရွာတွင် ၂၀၂၁ ဒီဇင်ဘာ ၂၄ရက်​ ခရစ္စမတ် အကြို​နေ့တွင်ဖြစ်ပွားခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရပ်သားပြည်သူများအား အစုလ်ိုက်၊ အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာဖြစ်စဥ်မှာ ယ​နေ့ (၁)နှစ်တိုင်ခဲ့ခြင်းဖြစ်သည်။

မိုဆို​ကျေးရွာသို့ စစ်​ကြောင်းထိုးလာ​သော တပ်မ (၆၆) ​လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်​ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအားဖမ်းဆီးပြီး က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအား ​သွေး​အေး​အေးဖြင့် မီးရှို့သတ်ဖြတ်ခဲ့သလို အခင်းဖြစ်ပွားစဥ် လာ​ရောက်ဖြန်​ဖြေတားဆီး​ ရန်​ရောက်လာ​သော နယ်ခြား​စောင့်တပ် တပ်ဖွဲ့ဝင် လေးဦးကို​လည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့သည်။

ထိုဖြစ်စဥ်အတွင်း ​​မြေစာပင်ဖြစ်ခဲ့ရ​သော ပြည်သူများနှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူ​ဆွေး​ကြေကွဲရကြောင်း KNDFက ပြောသည်။

Public Service Announcement

Public Service Announcement

မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။

အစုအလိုက်အပြုံလိုက်သတ်ဖြတ်ကာ လူမဆန် သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆)လက်​အောက်ခံ ခမရ (၁၀၈)ဓနုဖြူတပ်ရင်းအပါအဝင် အကြမ်း ဖက်စစ်​​ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်း လှန်သွားမည်ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊မျှတ​စွာနေ​ထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိကြောင်းလည်း KNDFက ကတိပြုသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရှင်လတ် လတ် မီရှို့သတ်ဖြတ်ခဲ့​သော အရပ်သားပြည်သူ ၄၀ ကျော်နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရ​သော (၁၀၀၄)တပ်ရင်းမှ နယ်ခြား​စောင့်တပ်သား လေးဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများဖြစ်သဖြင့် KNDFမှ ယခုဖြစ်စဥ်အား အစဥ်အမြဲ ​အောက့်​မေ့သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်​ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဒီတော်လှန်ရေးကာလ တစ်လျှောက်လုံးမှာကျွန်တော်တို့ ကရင်နီတစ်မျိုးသားလုံး အပါ အဝင်လူသားတိုင်းအတွက် မိုဆိုကျေးရွာရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ကို ဘယ်တော့မှမေ့ရမှာမဟုတ်သလို အကြမ်းဖက်စစ်တပ်ကို ဘယ်လိုအခြေအနေမျိုးမှာမှခွင့်လွှတ်ပေးလို့ရမှာ မဟုတ်ဘူး”ဟု ကရင်နီဒေသခံ တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၃ ရက်က ဒီးမော့ဆိုမြို့တိုက်ပွဲတွင်တပ်မ (၆၆)လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းမှ တပ်သားလေးဦးနှင့် လက်နက်ခဲယမ်းများကို KNDFက ဖမ်းမိရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook