Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ​ဒေသခံ PDF မိုင်းခွဲတိုက်ခိုက်

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ ကျေးကျွန်စစ်သား အများအပြားသေဆုံးနိုင်‌သော်လည်း အရေ အတွက်အတိအကျအတည်မပြုနိုင်သေးဟုလည်း ဖော်ပြထားသည်။

People's Spring
People's Spring

ကလေးမြို့နယ် တောင်ပိုင်းမှ ကလေးမြို့ဘက်သို့ ကုန်တင်ကားအချို့မှာ အရပ်ဘက်အိမ်စီးကားအချို့ဖြင့် ရောနှော၍ မောင်းနှင်ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ သေဆုံးမှုရှိနိုင်ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ် ထောက်ကြန့်ရွာနှင့် သာယာကုန်းရွာ အကြားတွင် စက်တင်ဘာ ၈ရက် ညပိုင်းက မိုင်းဖောက် တိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ညှပ်ပိတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ PDF ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ ကျေးကျွန်စစ်သား အများအပြားသေဆုံးနိုင်‌သော်လည်း အရေ အတွက်အတိအကျအတည်မပြုနိုင်သေးဟုလည်း ဖော်ပြထားသည်။

အာဏာရူးမင်းအောင်လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သားများသည် ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများတွင် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိပြီး ယနေ့ညနေပိုင်းအထိ သတင်းအရ ကြံသာကျေးရွာအတွင်းရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်စီးခံခဲ့သည့်အပြင်၊ ဒိုးနွယ်ရွာမှ စိတ်ကျန်းမာရေးချို့ယွင်းသူ တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ သုံးဦးကို ရက်စက်စွာ သတ်ဖြတ်ကာ ရေမြောင်းအတွင်း ပစ်ချထားခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူတစ်ရပ်လုံးအပေါ် ဖိနှိပ်သတ်ဖြတ်နေသော၊ ပြည်သူလူထု၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်သုတ်သင်ချေမှုန်းရေးအတွက် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကလေး PDFက ထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေဖြင့်လည်း ဤမုန်တိုင်းကာလကို ကြံ့ကြံ့ခံ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ရရာနည်းဖြင့်ပါဝင်၍ စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်သွားကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့