Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥဇဘက်မှာ ကလေးတွေ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ အိန္ဒိယလုပ် သောက်ဆေးတစ်မျိုး ထုတ်လုပ်မှု ရပ်ဆိုင်းထား

ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ ကုမ္ပဏီဖက်က ဘာမှတ်ချက်မှ မပေးသေးပေမယ့် အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြဿနာ တက်နေတဲ့ ဆေးရည် ထုတ်လုပ်မှုကို ယာယီ ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောပါတယ်။

ဥဇဘက်မှာ ကလေးတွေ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ အိန္ဒိယလုပ် သောက်ဆေးတစ်မျိုး ထုတ်လုပ်မှု ရပ်ဆိုင်းထား
ဥဇဘက်မှာ ကလေးတွေ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ အိန္ဒိယလုပ် သောက်ဆေးတစ်မျိုး ထုတ်လုပ်မှု ရပ်ဆိုင်းထား

ဥဇဘက်ကစ္စတန် နိုင်ငံမှာ ကလေးတွေ သေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယလုပ် သောက်ဆေးရည်တစ်မျိုး ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားစေလိုက်ကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အစောပိုင်းမှာ ဥဇဘက် အာဏာပိုင်တွေက အိန္ဒိယလုပ် Doc-1 ချောင်းဆိုးနဲ့ တုပ်ကွေးပျောက် ဆေးရည် သောက်သုံးမိသူ ကလေး ၂၁ ဦးအနက် ၁၈ ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယ ကုမ္ပဏီ Marion Biotechက ထုတ်လုပ်တဲ့ ဆေးရည်ထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတယ်လို့ ဥဇဘက် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ ကုမ္ပဏီဖက်က ဘာမှတ်ချက်မှ မပေးသေးပေမယ့် အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြဿနာ တက်နေတဲ့ ဆေးရည် ထုတ်လုပ်မှုကို ယာယီ ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ အဆိုအရ သေဆုံးသူ ကလေးငယ်တွေရဲ့ မိဘတွေဟာ ဆရာဝန် ညွှန်ကြားချက် မပါဘဲ၊ ဒါမှမဟုတ် သတ်မှတ် ပမာဏထက် ပိုလွန်ပြီး ဆေးတိုက်ကျွေးတာတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဒီတော့ ဆေးရည်ကြောင့် ကလေးတွေ သေတာလား၊ ညွှန်ကြားချက် စံနှုန်းတွေနဲ့ မညီတဲ့ တိုက်ကျွေးမှုကြောင့် ကလေးတွေ သေတာလား ဆိုတာကလည်း ကွဲကွဲပြားပြား မရှိသေးဘဲ ဖြစ်နေပါတယ်။ သေဆုံးတဲ့ ကလေးတွေဟာ အသက်ရှူ လမ်းကြောင်း ချွတ်ယွင်းမှု ဝေဒနာတွေကို အပြင်းအထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဥဇဘက်မှာတော့ ဆေးဝါးတင်သွင်းတဲ့ ဝန်ထမ်း ၇ ဦးကို ပေါ့လျော့မှု၊ လူသေမှုတွေနဲ့ တရားစွဲဆိုထားပြီး ရာဇဝတ်ကြောင်းအရ အမှုဖွင့် စုံစမ်းမှုတွေ စတင်နေကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၃၀ မှာ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မန်ဆူခ် မန်ဒါဗီယာက ယူတာ ပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ Marion Biotech ဌာနချုပ်ရဲ့ ဆေးဝါး ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။

အောက်တိုဘာလတုန်းက အိန္ဒိယ ကုမ္ပဏီ တစ်ခုက တင်သွင်းတဲ့ ဆေးရည်တွေ သောက်မိရာက အာဖရိကတိုက် အနောက်ပိုင်း၊ ဂမ်ဘီယာ နိုင်ငံမှာ ကလေး ၇၀ လောက် ကျောက်ကပ်ပျက်စီးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါပေမဲ့ အိန္ဒိယ အစိုးရနဲ့ ဆေးထုတ်လုပ်တဲ့ Maiden Pharmaceuticals ကုမ္ပဏီတို့ကတော့ ဒီကိစ္စမှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပါတယ်။

အီသိုင်လင်း ဂလိုင်ကောဟာ မော်တော်ယာဉ်တွေမှာ အေးခဲမှု မဖြစ်အောင် သုံးစွဲတဲ့ ဓာတ်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ အဲဒီ ဓာတ်ပစ္စည်းကို စားသုံးမိမယ်ဆိုရင် ဦးနှောက်၊ အဆုတ်၊ အသည်းနဲ့ ကျောက်ကပ် ပျက်စီးပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook