Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်

စစ်ခေါင်းဆောင်က ယခုလိုပြောဆိုနေသော်လည်း တကယ့်လက်တွေ့လုပ်ရပ်တွင် တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်း၌ ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်လျက်ရှိသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်

ရွေးကာက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်၏ နှစ်သစ်ပြောစကားကို KNU ပြောခွင့်ရသူက တုံ့ပြန်လိုက်သည်။

တိုင်းရင်းသားများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန်ဆိုပြီး တိုင်းရင်းသားဒေသအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ပြောဆိုလိုက်သည်။

လက်နက်ကိုင်ပဋိပက္ခများ ​ဖြေရှင်းနိုင်ပါက တိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများ၏ အခွင့်အရေးကို ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည့်အပေါ်တွင် အလားအလာကောင်းသော သဘောတူညီမှုများ ရရှိခဲ့သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်

စစ်ခေါင်းဆောင်က ယခုလိုပြောဆိုနေသော်လည်း တကယ့်လက်တွေ့လုပ်ရပ်တွင် တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်း၌ ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ယခုနှစ် (၂၀၂၃)ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စရပ်နှင့်ပတ်သက်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ယခုလို သုံးသပ်ပြောဆိုသည်။

“အမည်ခံငြိမ်းချမ်းရေးကို သူတို့ကြိုးစားပြီးတော့လုပ်တယ်။ ဒါပေမယ့် လုံး၀အရာမထင်ဘူးဆိုတာ လူတိုင်းသိတဲ့ကိစ္စ။ နောက်တစ်ချက်က အတုအယောင်ရွေးကောက်ပွဲကို လုပ်ဖို့ သူတို့က အားထုတ်လာတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲ လွတ်လပ်မှု တရားမျှတမှု လုံး၀မရှိ၊ ဒီရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောထားပြီးသားပါ” ဟု ပဒိုစောတောနီးက သုံးသပ်ထားသည်။

ထို့အပြင် စစ်ကောင်စီမှ ရွေးကောက်ပွဲကို မရမက အတင်းအကြပ်ပြုလုပ်ပါက နိုင်ငံရေးနှင့် စစ်ရေးတွင် အရှုပ်အထွေးများ အများကြီးပေါ်ပေါက်လာနိုင်ပြီး နောက်ဆက်တွဲအခြေအနေများအားလုံးကို စစ်ကောင်စီက တာဝန်ခံရမည်ဟု ပဒိုစောတောနီးက ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ တဇွတ်ထိုး အဲ့ဒီမှာ ရွေးကောက်ပွဲမရမက အတင်းအကြပ်လုပ်လာမယ်ဆိုရင် အဲ့ဒီရွေးကောက်ပွဲကို ပြန်ပြီးတုံ့ပြန်ပုံ တုံ့ပြန်နည်းကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့တူမှာမဟုတ်ဘူး” ဟု ကေအဲန်ယူ ပြောခွင့်ရသူက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။