Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU တပ်မဟာ ၂ တိုက်တွန်း

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU တပ်မဟာ ၂ တိုက်တွန်း
စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU တပ်မဟာ ၂ တိုက်တွန်း

လာမယ့် ၂၀၂၃ ခုနှစ်မှာစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို KNU တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်အတွင်းက လူထုအနေနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ တပ်မဟာ (၂)ကထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၂ ရဲ့ (၇) ကြိမ်မြောက် ကွန်ဂရက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၆ ရက် မှ ဒီဇင်ဘာလ ၁၉ ရက်အထိ ကျင်းပခဲ့ပြီး အဲဒီကွန်ဂရက်အပြီးထုတ်ပြန်တဲ့ကြေညာချက်မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဆန့်ကျင် ထည့်သွင်းထားပါတယ်။

Public Service Announcement
Public Service Announcement

အချက် ၇ ချက်ပါတဲ့ အဲဒီကြေညာချက်မှာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အပြင် တပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီဖြစ်စေ ၊ CRPH ကဖြစ်စေ ချမှတ်လာတဲ့ အုပ်ချုပ်ရေး ကိုလည်းလက်ခံမှာမဟုတ်ဘဲ KNU ရဲ့ အုပ်ချုပ်ရေးယန္တယားသာ ပိုအားကောင်လုပ်ဆောင်မယ်လို့ပါရှိပါတယ်။

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်တွေကို အကူအညီပေးရာမှာလည်းစစ်ကောင်စီကတဆင့် ကူညီတာမျိုးမလုပ်ကြဘဲ KNU ကိုသာ တိုက်ရိုက်ကူညီပေးကြဖို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေကို တပ်မဟာ (၂) ကတိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။