Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့တွင် စစ်ကောင်စီတပ်သား သုံးဦးအားတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ – လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သား သုံးဦးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁ရက်) နံနက် ၆ နာရီ ၄၀မိနစ်အချိန်ခန့်က မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပြင်ပသို့ထွက်လာ‌သော စစ်သား သုံးဦးအား လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက်တွင် ပဒေသာမိုင်း နှစ်လုံးဖြင့် လျှပ်တပျက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းထန်ရရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“သူတို့ကခြေကျင်ထွက်လာတာ။ အဲနားမှာ ရဲစခန်းတို့ လွတ်လပ်ရေးကျောက်တိုင်တို့က ကပ်နေတာ။ မနက်သူတို့အပြင်ထွက်တုန်း အစ်အငိုက်လုပ်လိုက်တာပါ။ ပါဆယ်လို့လည်းခေါ်တယ်။ စနစ်တကျထည့်ပြီးတော့ လမ်းဘေးချပြီးတော့ သူတို့ရောက်တဲ့အချိန်မှာ အတိအကျဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာပါ။”ဟု ကိုသက်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် TRUE Fighter အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ – လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook