Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု ရဲအရာရှိတစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရဟုဆို

အထက်ပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက လက်ပစ်ဗုံးနှစ်ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲသွားခဲ့ကြောင်း နေပြည်တော်(ပ.က.ဖ)က People’s Spring သို့ ဖြေ ကြားထားသည်။

(နေပြည်တော်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်ရစဥ်၊ဓာတ်ပုံ - CJ)
(နေပြည်တော်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်ရစဥ်၊ဓာတ်ပုံ - CJ)

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်ပါးစေ ရဲအရာရှိတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း နေပြည်တော်(ပ.က.ဖ) မှ ယနေ့(ဇန်နဝါရီ ၁)နောက်ဆက်တွဲ ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် လယ်ဝေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“စကစဘက်မှ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး၊ ရဲတပ်သားနှစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေကြောင်း နောက်ဆက်တွဲအဖြစ် အတည်ပြု သတင်းထုတ်ပြန်အပ်ပါသည်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နေပြည်တော်က ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက လက်ပစ်ဗုံးနှစ်ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲသွားခဲ့ကြောင်း နေပြည်တော်(ပ.က.ဖ)က People’s Spring သို့ ဖြေ ကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့