Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်တွင် ဘုံတော်လှန်ရေးရည်မှန်းချက်ပန်းတိုင် ကို အစွမ်းကုန် ကြိုးပမ်းရမည်ဟု MNDAA စစ်ဦးစီးချုပ်ပြော

တိုင်းရင်းသားများနှင့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတို့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသော အမျိုးသားတော်လှန်ရေးလမ်းစဉ်သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့်အတူ ပန်းတိုင်သို့ချီတက်နေကြပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

(ကိုးကန့်တပ်မတော်(MNDAA)မှ တပ်သားများအား တွေ့ရစဉ်)
(ကိုးကန့်တပ်မတော်(MNDAA)မှ တပ်သားများအား တွေ့ရစဉ်)

▪️အဓမ္မအာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာ့အခြေ အနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့ဟုဆို

ကိုဗစ်ရောဂါမရှိသည့် နှစ်သစ်တွင် ဘုံတော်လှန် ရေးရည်မှန်းချက် ပန်းတိုင်ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA)စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၏ နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြသည်။

တိုင်းရင်းသားများနှင့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတို့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသော အမျိုးသားတော်လှန်ရေးလမ်းစဉ်သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့်အတူ ပန်းတိုင်သို့ချီတက်နေကြပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“တော်လှန်ရေးအောင်မြင်တော့မည်ဖြစ်၍မိမိုတို့ အနေဖြင့် စည်းလုံးညီညွတ်ခြင်း အခြေအနေများကို တိကျမှန်ကန်စွာ အကဲခတ်ခြင်းနှင့် အေးတူပူမျှ မျှဝေခံစားခြင်းတို့ဖြင့် မိမိတို့၏ ဘုံရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရပါမည်”ဟု ဦးဖုန်တဲရင်က ပြောသည်။

လူဦးရေသန်းပေါင်း ၅၀ကျော်ရှိသည့် မြန်မာပြည် သူများကို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေသောကြောင့် အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဝမ်းနည်းမှုနှင့် ဒေါသများကို စွမ်းအားအဖြစ် သို့ ပြောင်းလဲပြီး စည်းလုံးညီညွတ်စွာဖြင့် တော်လှန်ရေးကို အဆုံးထိတိုင် ဆက်လက်ဖော် ဆောင်သွားမည်ဟု အခိုင်အမာ ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် နိုင်ငံတော်တစ်ဝှမ်းလုံးတွင် အကြမ်းဖက်စနစ်ဖြင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို လျစ်လျူရှုပြီး အရပ်သားများနေထိုင်ရာဒေသများကို ဦးတည်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း သဘောထား အမြင်မတူသော နိုင်ငံရေးသမားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း အစရှိသည့် ပြစ်မှုတို့ကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု MNDAA စစ်ဦးစီးချုပ်က စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြသည်။

နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ပြီးချိန်မှစ၍ ယနေ့အထိလပေါင်း ၂၃လ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ အစောပိုင်း ကာလက ပြည်သူလူထုတစ်ရပ်လုံးမှ ငြိမ်းချမ်းစွာ ဆန္ဒပြရာမှတဆင့် တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းလာခဲ့ပြီး ယခုဆိုလျင် မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့် အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့ပြီဖြစ်ကြောင်း MNDAA စစ်ဦးစီးချုပ်က ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၏ စုစုပေါင်းအင်အားမှာ တစ်သိန်းခန့်အထိ တည်ဆောက်နိုင်ခဲ့ပြီး ရာနှင့်ချီသော PDF အဖွဲ့များသည်လည်း မိမိတို့၏ ဒေသအသီးသီးတွင် စစ်အာဏာရှင် စနစ်ပပျောက်ရေးတိုက်ပွဲကို ဆက်တိုက်ဆင်နွှဲနေကြသည်ဟု ဆိုသည်။

ယခင်နှစ်က စစ်ကောင်စီသည် နိုင်ငံရေးအခြေအနေကို အမြန်ထိန်းချုပ်နိုင်ရန် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် အကြမ်းဖက်နှိပ်နင်းခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်များ ကျင်းပခြင်း၊ ကတိကဝတ်အတုများပြုခြင်းတို့ဖြင့် နိုင်ငံတကာအပေါ် လိမ်လည်ခဲ့သည်ဟု MNDAA စစ်ဦးစီးချုပ်က ပြောသည်။

ထို့ပြင် ၂၀၂၃ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်အပ်မည်ဟု ကြွေးကြော်ကာ ၎င်းတို့၏ လက်အောက်ခံ အရာရှိများကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွင် တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီသည် အာဆီယံ၏ သဘောတူညီချက် ၅ရပ်ကိုလည်း ယနေ့အချိန်အထိ အကောင်အထည်မဖော်ဆောင်နိုင်သောကြောင့် မြန်မာနိုင်ငံသည် နိုငင်ံတကာ အစည်းအဝေးများသို့ တက်ရောက်ခွင့် မရှိသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောလုပ်ရပ်များသည် ပြည်တွင်းပဋိပက္ခနှင့် နိုင်ငံတကာ ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေပြီး ၎င်းတို့၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ရဲစွမ်းသတ္တိအပြည့်ရှိသည့် တော်လှန်ရေးသမားများနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သော တော်လှန်ရေး အဖွဲ့အစည်းများ အမြောက်အများ ပေါ်ပေါက်လာခဲ့ရကြောင်း MNDAA စစ်ဦးစီးချုပ်က ပြောသည်။

နိုဝင်ဘာက ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံမှ ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအရေး ဖြေရှင်းရေး သဘောတူညီချက်(၁၅)ချက်နှင့် ဆုံးတြ်ချက်များ၊ ဒီဇင်ဘာ ၂၁ရက်တွင် ကုလသမဂ္ဂမှ ထုတ်ပြန်သော မြန်မာနိုင်ငံရေးရာ ဆုံးဖြတ်ချက်တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွန်းအားဖြစ်စေခဲ့ပြီး ပြည်သူလူထု တစ်ရပ်လုံးကို စိတ်အားထက်သန်စေခဲ့သည်ဟု MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ပြောကြားသည်။

(ကိုးကန့်တပ်မတော်(MNDAA)မှ တပ်သားများအား တွေ့ရစဉ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။