Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်ချိန် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး PDFရဲဘော်များဘက်က ပစ်အားအသာစီးရခဲ့သော်လည်း ရေပြာရဲစခန်းမှ တပ်ကူများ တက်လာသောကြောင့် ပြန်ဆုတ်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

“စကစ တပ်သားတစ်ဦး ပျူ နှစ်ဦးသေတယ်။ ခြောက်ဦးဒဏ်ရာရတယ်လို့ ကြားပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ၊ တပ်ခွဲ – ၄ ( စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ )၊ တပ်ရင်း ၇၀၃ (အနောက်ပိုင်းတိုင်း)၊ မုန်တိုင်းတပ်ဖွဲ့ ၊ ဘီးလုံးငှက်ပြောက်ကျားတပ်ဖွဲ့ ၊ ကိုအောင်ကြီးဦးဆောင်သော RGFတပ်ဖွဲ့ ၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒီဇင်ဘါလ ၃၁ ရက်နေ့ကပင် ပေါက်မြို့နယ်အရှေ့မြောက်ပိုင်း ဆူးလေကုန်းကျေးရွာရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook