Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်အုပ်စုနှင့်ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်ချိန် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး PDFရဲဘော်များဘက်က ပစ်အားအသာစီးရခဲ့သော်လည်း ရေပြာရဲစခန်းမှ တပ်ကူများ တက်လာသောကြောင့် ပြန်ဆုတ်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

“စကစ တပ်သားတစ်ဦး ပျူ နှစ်ဦးသေတယ်။ ခြောက်ဦးဒဏ်ရာရတယ်လို့ ကြားပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ၊ တပ်ခွဲ – ၄ ( စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ )၊ တပ်ရင်း ၇၀၃ (အနောက်ပိုင်းတိုင်း)၊ မုန်တိုင်းတပ်ဖွဲ့ ၊ ဘီးလုံးငှက်ပြောက်ကျားတပ်ဖွဲ့ ၊ ကိုအောင်ကြီးဦးဆောင်သော RGFတပ်ဖွဲ့ ၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒီဇင်ဘါလ ၃၁ ရက်နေ့ကပင် ပေါက်မြို့နယ်အရှေ့မြောက်ပိုင်း ဆူးလေကုန်းကျေးရွာရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ