Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေရာအနှံ့ မြေကျွံမှုတွေကြောင့် အိန္ဒိယက မြို့လေးတစ်ခုမှာ လူတွေ ရာနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းရ

ဒေသဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး စီမံခန့်ခွဲမှု အရာရှိ တစ်ဦးက အခုလိုတွေ ဖြစ်လာတာဟာ မြို့ရဲ့ ရေဆင်းစနစ် တည်ဆောက်မှုတွေမှာ ချွတ်ယွင်းချက် ဖြစ်ရာက ရေတွေစိမ့်ထွက်ပြီး အိမ်တွေရဲ့ အောက်ခြေက မြေသားတွေကို လှိုက်စားကုန်တာကြောင့်လို့ ယူဆရကြောင်း ပြောပါတယ်။

နေရာအနှံ့ မြေကျွံမှုတွေကြောင့် အိန္ဒိယက မြို့လေးတစ်ခုမှာ လူတွေ ရာနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းရ
နေရာအနှံ့ မြေကျွံမှုတွေကြောင့် အိန္ဒိယက မြို့လေးတစ်ခုမှာ လူတွေ ရာနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းရ

အိန္ဒိယ နိုင်ငံက မြို့တစ်မြို့မှာ ဆက်တိုက် မြေကျွံမှုတွေကြောင့် ရာနဲ့ချီ များပြားတဲ့ မြို့ခံတွေ အရေးပေါ် စတင် ပြောင်းရွှေ့နေရပါတယ်။

ဟိမဝန္တာ တောင်စဉ် တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ အတ်ရက်ခန်း ပြည်နယ်က ဂျိုရှီမက်သ် မြို့ထဲမှာ အခု သီတင်းပတ်ကစလို့ မြေကျွံကျမှုတွေ ဖြစ်ပေါ်လာတာလို့ အာဏာပိုင်တွေက ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။ မြို့ရဲ့ နေရာအနှံ့မှာ မြေပပ်ကြားအက်တွေ ပေါ်လာပြီး ဘုရားကျောင်း တစ်ခုလည်း ပြိုကျသွားတာကြောင့် မြို့ခံ တော်တော်များများကို နေအိမ်တွေကနေ စွန့်ခွာပြီး ယာယီ ရွက်ဖျင်တဲတွေမှာ သွားနေဖို့ ညွှန်ကြားထားရပါတယ်။

တောင်ပေါ်ဒေသ ဆိုပေမယ့်လည်း ဂျိုရှီမက်သ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ရေလွှမ်းမိုးမှုတွေ ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ရေလွှမ်းခဲ့တဲ့ နေရာတွေမှာ မြေကျွံမှုတွေ အဓိက ဖြစ်နေတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းအားလုံးကိုလည်း ရပ်ဆိုင်းထားစေရပါတယ်။

မြေကျွံမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် အခြေအနေတွေ ပိုဆိုးသွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ နောက်ပြီး မိသားစု ၆၀ လောက်ကို အစိုးရ စီစဉ်ပေးတဲ့ ခိုလှုံရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးထားပေမယ့် အဲဒီ ကိန်းဂဏန်းဟာ ၆၀၀ လောက်ထိ မြင့်တက်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒေသဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး စီမံခန့်ခွဲမှု အရာရှိ တစ်ဦးက အခုလိုတွေ ဖြစ်လာတာဟာ မြို့ရဲ့ ရေဆင်းစနစ် တည်ဆောက်မှုတွေမှာ ချွတ်ယွင်းချက် ဖြစ်ရာက ရေတွေစိမ့်ထွက်ပြီး အိမ်တွေရဲ့ အောက်ခြေက မြေသားတွေကို လှိုက်စားကုန်တာကြောင့်လို့ ယူဆရကြောင်း ပြောပါတယ်။

လတ်တလော အိမ်ခြေရာမဲ့ ဖြစ်သွားသူတွေကို အစိုးရက လစဉ် ရူပီးငွေ ၄၀၀၀ (ဒေါ်လာ ၅၀ ဝန်းကျင်)ထိ ၆ လတိုင်တိုင် ထောက်ပံ့သွားမယ်လို့လည်း ဆိုပါတယ်။ ဂျိုရှီမက်သ်ဟာ အထင်ကရ ဟိန္ဒူနဲ့ ရှိတ်ခ် ဘုရားကျောင်းတွေ တည်ရှိပြီး ဘုရားဖူး ခရီးသည် အများအပြား သွားရောက်လေ့ရှိတဲ့ နေရာတစ်ခုပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၂၀၀ လောက်မြင့်တဲ့ မြို့လေးမှာ ဒေသခံ ၂၅၀၀၀ ဝန်းကျင်လောက် နေထိုင်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။