Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်ကောင်စီတပ်အား တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ဟု PDF(ကလေး) ပြော

ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။

(၂၀၂၁ မတ်လအတွင်းက နာမည်ကျော် တာဟန်းရပ်ကွက်သပိတ်အား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ မတ်လအတွင်းက နာမည်ကျော် တာဟန်းရပ်ကွက်သပိတ်အား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ကို PDF(ကလေး)မြို့ပြပြောက်ကျားတပ်ဖွဲ့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PDF(ကလေး)မှ တာဝန်ရှိသူက ပြောသည်။

တာဟန်းရပ်ကွက်ရှိ ဒိုးဝိုင်းချောင်းလမ်းတွင် လှည့်ကင်းသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ နံနက် ၉နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၁၁နာရီတွင် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းထောင့်ရှိ စစ်ကောင်စီတပ်ကင်းစခန်းကို တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF(ကလေး)က ထုတ်ပြန်သည်။

” အဲ့ဘက်ခြမ်း(ဒိုးဝိုင်းချောင်းလမ်း)မှာ စစ်ဆေးရေးတွေလုပ်တယ်။ လှည့်ကင်းတွေလုပ်တယ်။အဲလိုလုပ်နေတာကို ကလေးတွေက မိုင်းဆွဲတိုက်ခိုက်လာတာ။ နောက်တစ်ခုက ရဲဘော်တွေက ဘန်ကာကို သွားပစ်တယ်။ ပြန်ဆုတ်ခဲ့တယ်။သူတို့က တရစပ်ပြန်ပစ်တယ်။ သူတို့ပစ်လို့ ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်”ဟု PDF(ကလေး)တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အတူ တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံလမ်းထောင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်ရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွင်နေထိုင်သည့် ဒေသခ့ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရသည်။

“ကျွန်တော်တို့ မစ်ရှင်ကြောင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုကို တောင်းပန်ချင်တယ်။စိတ်မကောင်းဖြစ်ရတယ်”ဟု PDF(ကလေး)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ကလေးမြို့ကားဂိတ်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ၎င်းသည် အိမ်ရှေ့တွင် တံမြက်စည်းလှည်းနေစဉ် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook