Connect with us

Hi, what are you looking for?

သတင်း

မြို့တွင်းစစ်ဆင်ရေးများ (၄)လခန့်အနားယူခဲ့သည့် မြိတ်(ပ.က.ဖ)ပြန်လာတော့မည်

အထက်ပါ မြိတ်(ပ.က.ဖ) ၏သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများအား လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

(စစ်ဆင်ရေးတစ်ခုမှ အောင်ပွဲဖြင့် ပြန်လာသော မြိတ် (ပ.က.ဖ)တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်- ပုံဟောင်း)
(စစ်ဆင်ရေးတစ်ခုမှ အောင်ပွဲဖြင့် ပြန်လာသော မြိတ် (ပ.က.ဖ)တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်- ပုံဟောင်း)

မြို့ပြစစ်ဆင်ရေးများကို (၄)လခန့် ရပ်နား၍ မြိတ်မြို့အား ကြောခိုင်းခဲ့သော မြိတ်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)အနေဖြင့် မြို့တွင်း UGလုပ်ငန်းများ ဆက်လက်လုပ်ဆောင် တော့မည်ဟု People’s Spring သို့ ပြောသည်။

၎င်းတို့အနေဖြင့် တပ်ဖွဲ့ပြန်လည်စုစည်းမှု၊ လက်နက်စုစောင်းမှုနှင့် ကြိုတင်ပြင်ဆင်မှုများပြီးမြောက်တော့မည်ဖြစ်၍ မြို့တွင်းစစ်ဆင်ရေးများ ပြန်လည်လုပ်ဆောင်နိုင်တော့မည်ဟု ဆိုသည်။

“ပြန်လည်ပြင်ဆင်မှု၊ လက်နက်စုဆောင်းမှုတွေ၊ တပ်ရင်းတပ်ဖွဲ့အနေနဲ့ ပြန်လည်စုစည်းတည်ဆောက်မှုတွေ လုပ် ဆောင်နေရတော့ မြို့တွင်းအပိုင်းကို မလုပ်ဆောင်ဖြစ်ခဲ့ဘူး။ အခုတော့ ပြင်ဆင်မှုတစ်ချို့တဝက်ပြီးမြောက်ပြီဆိုတော့ မြို့ပြင်မှာတိုက်ပွဲတွေလည်းဖော်ဆောင်နိုင်နေပြီဖြစ်သလို မြို့တွင်း UG လုပ်‌ဆောင်မှုအတွက် ပြင်ဆင်နေပါပြီ”ဟု မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့ကြောင့် မြို့တွင်းစစ်ဆင်ရေးများ၏ ရှေ့ပြေးအဖြစ် မြိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များနှင့် ပျူစောထီးအပါအဝင် စစ်ကောင်စီလက် ပါးစေများ ရာထူးတာဝန်က တစ်ပတ်အတွင်းနှုတ်ထွက်ကြရန် ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“စာထုတ်ပြီးနောက်ပိုင်းမှာတော့ စကစအဖွဲ့ကတော့ အရင်ကငြိမ်သက်နေရာကနေ လှုပ်လှုပ်ရွရွတော့ဖြစ်လာတယ်။ သူတို့လည်း သတိထားလာတယ်လို့ ဆိုရမှာပဲ”ဟု မြိတ်(ပ.က.ဖ)မှတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေး သည်။

အထက်ပါ မြိတ်(ပ.က.ဖ) ၏သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများအား လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။