Connect with us

Hi, what are you looking for?

သတင်း

မြို့တွင်းစစ်ဆင်ရေးများ (၄)လခန့်အနားယူခဲ့သည့် မြိတ်(ပ.က.ဖ)ပြန်လာတော့မည်

အထက်ပါ မြိတ်(ပ.က.ဖ) ၏သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများအား လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

(စစ်ဆင်ရေးတစ်ခုမှ အောင်ပွဲဖြင့် ပြန်လာသော မြိတ် (ပ.က.ဖ)တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်- ပုံဟောင်း)
(စစ်ဆင်ရေးတစ်ခုမှ အောင်ပွဲဖြင့် ပြန်လာသော မြိတ် (ပ.က.ဖ)တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်- ပုံဟောင်း)

မြို့ပြစစ်ဆင်ရေးများကို (၄)လခန့် ရပ်နား၍ မြိတ်မြို့အား ကြောခိုင်းခဲ့သော မြိတ်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)အနေဖြင့် မြို့တွင်း UGလုပ်ငန်းများ ဆက်လက်လုပ်ဆောင် တော့မည်ဟု People’s Spring သို့ ပြောသည်။

၎င်းတို့အနေဖြင့် တပ်ဖွဲ့ပြန်လည်စုစည်းမှု၊ လက်နက်စုစောင်းမှုနှင့် ကြိုတင်ပြင်ဆင်မှုများပြီးမြောက်တော့မည်ဖြစ်၍ မြို့တွင်းစစ်ဆင်ရေးများ ပြန်လည်လုပ်ဆောင်နိုင်တော့မည်ဟု ဆိုသည်။

“ ပြန်လည်ပြင်ဆင်မှု၊ လက်နက်စုဆောင်းမှုတွေ၊ တပ်ရင်းတပ်ဖွဲ့အနေနဲ့ ပြန်လည်စုစည်းတည်ဆောက်မှုတွေ လုပ် ဆောင်နေရတော့ မြို့တွင်းအပိုင်းကို မလုပ်ဆောင်ဖြစ်ခဲ့ဘူး။ အခုတော့ ပြင်ဆင်မှုတစ်ချို့တဝက်ပြီးမြောက်ပြီဆိုတော့ မြို့ပြင်မှာတိုက်ပွဲတွေလည်းဖော်ဆောင်နိုင်နေပြီဖြစ်သလို မြို့တွင်း UG လုပ်‌ဆောင်မှုအတွက် ပြင်ဆင်နေပါပြီ” ဟု မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့ကြောင့် မြို့တွင်းစစ်ဆင်ရေးများ၏ ရှေ့ပြေးအဖြစ် မြိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များနှင့် ပျူစောထီးအပါအဝင် စစ်ကောင်စီလက် ပါးစေများ ရာထူးတာဝန်က တစ်ပတ်အတွင်းနှုတ်ထွက်ကြရန် ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ စာထုတ်ပြီးနောက်ပိုင်းမှာတော့ စကစအဖွဲ့ကတော့ အရင်ကငြိမ်သက်နေရာကနေ လှုပ်လှုပ်ရွရွတော့ဖြစ်လာတယ်။ သူတို့လည်း သတိထားလာတယ်လို့ ဆိုရမှာပဲ” ဟု မြိတ်(ပ.က.ဖ)မှတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေး သည်။

အထက်ပါ မြိတ်(ပ.က.ဖ) ၏သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများအား လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူး၊ ရန်ကုန်၊နေပြည်တော်နှင့် ဧရာ၀တီတိုင်းဒေသများ ပါဝင်စုဖွဲ့ထားသော အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးဖော်ဆောင်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်မှူးများဖြင့် ဖွဲ့စည်းထာသည့် အမိန့်ပေးကွပ်ကဲမှုယန္တရားဖြစ်သော Joint Operation Command(JOC)၏ အဆုံးအဖြတ် ဖြင့် ဆောင်ရွက်နေကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

သတင်း

ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

သတင်း

မရမ်းကုန်းမြို့နယ်မှ နေရာအချို့ကို ဒီဇင်ဘာ ၂၈ရက် သန်းခေါင်ယံအချိန်၌ ဧည့်စာရင်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်း

▪︎မြို့သိမ်းစစ်ဆင်ရေးကို YDF၊ YA၊ မုံရွာခရိုင် တပ်ရင်း(၃)တို့နှင့် ဟန်ချက်ညီဆင်နွှဲပြီး AAက စစ်လက်နက်ခဲယမ်း ပံ့ပိုးဟု ဖော်ပြ