Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံက ရွာတစ်ရွာတွင် နေအိမ်များမီးရှို့ဖျက်ဆီးခံရ

ယနေ့ ဇန်နဝါရီလ(၁၁)ရက် နံနက်(၅)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာသို့ ရောက်ရှိလာကာ နေအိမ်သုံးလုံး၊ ပရိဘောဂဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

လောင်းလုံက ရွာတစ်ရွာတွင် နေအိမ်များမီးရှို့ဖျက်ဆီးခံရ
လောင်းလုံက ရွာတစ်ရွာတွင် နေအိမ်များမီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာအတွင်းသို့ ယနေ့နံနက်တွင် စစ်ကောင်စီနှင့် ပျူးစောထီးများမှ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ(၁၁)ရက် နံနက်(၅)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာသို့ ရောက်ရှိလာကာ နေအိမ်သုံးလုံး၊ ပရိဘောဂဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

“အဓိကတော့ စစ်ကောင်စီက ပျူနဲ့ပေါင်းပြီး အပြစ်မဲ့ပြည်သူအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မီးရှို့သည့်တရားခံမည်သူမည်ဝါဖြစ်သည်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မီးရှို့ခံရသည့်နေအိမ် မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး အဆိုပါဖြစ်စဉ်နှင့်ပက်သတ်၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်မှု ဆက်တိုက်ကျူးလွန်နေသည့်အပေါ် အပြင်းအထန် ကန်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်း ပြည်သူလူထုများအနေဖြင့် မိမိတို့မြို့နယ်အတွင်း နောက်ထပ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်လာနိုင်သည့်အတွက် အထူးဂရုစိုက်သွားလာကြပါရန် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။