Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဝင်လာ၍ ပြည်သူများ ညအချိန်မတော်ထွက်ပြေးတိမ်းရှောင်ရ

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

ဓာတ်ပုံ - Acid
ဓာတ်ပုံ - Acid

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ကာ ထိုးစစ်ဆင်ဝင်ရောက်လာ၍ မြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၁၁ ရက်) ည ၁၁နာရီခန့်က မန္တလေးတိုင်းဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြစ်ရိုးတစ်လျှောက်ကျေးရွာများ အချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

ထို့နောက် မြစ်တစ်ဖက်ကမ်းရှိ ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ကမ်းဘေးရွာများအား လက်နက်ကြီး ၈ချက်ထပ်မနည်း ပစ်ခတ်ခဲ့ကြောင်း Wetlet Information Ntworkက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဲဘက်ကရွာတွေကတော့ အမြဲလိုလို ပြေးနေရတာပဲ။”ဟု ဝက်လက်နယ်​ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၀ရက် ညကတည်းက မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ အင်အား ၅၀ခန့်ဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ​ပစ်ခတ်ခဲ့ကြောင်း ALDFအဖွဲ့ မြေပြင်သတင်းနှင့် ပြန်ကြားရေး Acidက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။