Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ – မြိုင် ကားလမ်းအနီး စစ်အုပ်စုယာဥ်တန်းအား ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

ကား သုံးစီးအနက် တစ်စီးမှာမြောက်တက်သည်အထိ ဖြစ်ခဲ့ပြီး မတ်တူးကားပေါ်ပါလာသော စစ်ကောင်စီတပ် သားများ အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးသည်ဟု YoungForce (UG)အဖွဲ့က ဆိုသည်။

YoungForce (UG)အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-YoungForce (UG)
YoungForce (UG)အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-YoungForce (UG)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးတွင် စစ်အုပ်စု၏ မော်တော်ယာဥ်တန်းအား မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း YoungForce (UG)အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁နာရီဝန်းကျင်က ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများအား ကာကွယ်‌ ရေးတပ်ဖွဲ့ရဲဘော်များက အယောင်ပြမျှားခေါ်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YoungForce (UG)အဖွဲ့က အသိပေးသည်။

ကား သုံးစီးအနက် တစ်စီးမှာမြောက်တက်သည်အထိ ဖြစ်ခဲ့ပြီး မတ်တူးကားပေါ်ပါလာသော စစ်ကောင်စီတပ် သားများ အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးသည်ဟု YoungForce (UG)အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်ရန် အစီအစဥ်ဆွဲထားသော်လည်း လက်နက်နှင့် လူအင်အား မမျှခြင်း၊ စစ်ကူများ အလျင်မြန် ရောက်လာခြင်းများကြောင့် ရဲဘော်များ ဆုတ်ခွာခဲ့သည်ဟု ၎င်းအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်ကားတစ်စီးမှာ လုံးဝပျက်စီးသွားပြီး ကားနှင့်ပြန်ဆွဲကာ ဒဏ်ရာရစစ်သားများအား လာရောက် သယ်သွားပြီး အနီးဝန်းကျင်ကို လက်နက်ကြီး ငါးချက်ထက်မနည်း ပစ်ခတ်သွားကြောင်း YoungForce (UG)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို BraveEaglesYGN(UG)၊သံမဏိသိန်းငှက် (မြိုင်) ၊ PeopleSafeArmy၊

ThuRain(TR)တပ်ခွဲ၊ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ YoungForce(UG) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ YoungForce (UG)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။