Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းက မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အရပ်သား တစ်ဒါဇင်လောက် သေဆုံး

ဇန်နဝါရီ ၁၄ ရက်တုန်းက ရုရှားဟာ ယူကရိန်းရဲ့ အရပ်မျက်နှာ အသီးသီးကနေ ဒုံးကျည် အစင်းပေါင်း ၂၀ နဲ့ ၃၀ ကြားထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အတော်များတဲ့ အရေအတွက်ကို ယူကရိန်း ကာကွယ်ရေး တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းက မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အရပ်သား တစ်ဒါဇင်လောက် သေဆုံး
ယူကရိန်းက မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အရပ်သား တစ်ဒါဇင်လောက် သေဆုံး

ယူကရိန်း နိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်တွေနဲ့ ဖြန့်ကျက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အနည်းဆုံး တစ်ဒါဇင်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ ရုရှားဟာ ယူကရိန်းက မြို့ကြီးတွေရဲ့ အရပ်သား ဧရိယာတွေကို ဒုံးကျည်တွေ အများအပြားနဲ့ လှမ်းပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်စင်းဟာ ယူကရိန်း အရှေ့ပိုင်းက ဒီနီပရိုမြို့မှာရှိတဲ့ လူနေတိုက် တစ်လုံးကို ထိမှန်တာကြောင့် ၁၂ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ယူကရိန်းက မြို့တော် ကိယက်ဗ်နဲ့ ခါကစ်ဗ်၊ အိုဒက်ဆာ အစရှိတဲ့ မြို့တွေကိုလည်း ရုရှားရဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့ပါသေးတယ်။ ရုရုားဟာ ယူကရိန်း မြို့ကြီးပြကြီးတွေရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေနဲ့ ဓာတ်အားပေး စနစ်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာပါ။

အခုအခါမှာတော့ ယူကရိန်း နိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများဟာ ဓာတ်အား ပြတ်တောက်မှုတွေကြောင့် ရုန်းကန်နေရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ယူကရိန်း ပြည်သူတွေအပေါ် ရုရှားစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို လက်တွေ့ကျကျ ရပ်တန့်နိုင်ဖို့ဆိုရင် ယူကရိန်းအတွက် လိုအပ်တဲ့ စစ်လက်နက်တွေကို အနောက် မဟာမိတ် နိုင်ငံတွေက ထိထိရောက်ရောက် ထောက်ပံ့ပေးဖို့ တစ်နည်းပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အစောပိုင်းမှာ ဗြိတိန် အစိုးရဟာ ယူကရိန်းအတွက် Challenger 2 ပင်မ တိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးမယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဗြိတိန်ဟာ အနောက်မဟာမိတ် နိုင်ငံတွေမှာ ထုတ်လုပ်တဲ့ ပင်မ တိုက်ပွဲဝင် တင့်ကားတွေကို ယူကရိန်းဆီ ပေးပို့ဖို့ ပထမဆုံး သဘောတူတဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီစတဲ့ နိုင်ငံတွေက ယူကရိန်းကို သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ ပေးပို့ဖို့ လက်ခံထားပေမယ့် ပင်မ တိုက်ပွဲဝင် တင့်ကားတွေကို ထောက်ပံ့ဖို့တော့ အကျေအလည် ဆက်ဆွေးနွေးတုန်းပါ။

ဇန်နဝါရီ ၁၄ ရက်တုန်းက ရုရှားဟာ ယူကရိန်းရဲ့ အရပ်မျက်နှာ အသီးသီးကနေ ဒုံးကျည် အစင်းပေါင်း ၂၀ နဲ့ ၃၀ ကြားထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အတော်များတဲ့ အရေအတွက်ကို ယူကရိန်း ကာကွယ်ရေး တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇီလန်စကီးက ဒီနီပရိုမှာ ဖြစ်ပွားခဲ့တဲ့ ထိခိုက် ပျက်စီးမှုတွေ အတော်များပြားပြီး အချိန်ကြာကြာ ပြန်လည် ရှင်းလင်းရဦးမယ်လို့ ပြောပါတယ်။ မြို့အာဏာပိုင်တွေက ပျက်စီးသွားတဲ့ အဆောက်အအုံကနေ ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၃၇ ဦးကို ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းက စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အဓိက ဦးစီး အရာရှိ နေရာကို အပြောင်းအလဲ လုပ်ခဲ့ပေမယ့်လည်း ဓာတ်အားပေး ကွန်ရက်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းဗျူဟာဟောင်းကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဆိုတာကို အခုတိုက်ခိုက်မှုက မြင်သာစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။